တမန်တော်ဝတ္ထု 13:5 - မြန်မာ့စံမီသမ္မာကျမ်း5 ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။ Ver CapítuloCommon Language Bible5 သူတို့သည်ရှာလမိမြို့သို့ရောက်သောအခါ တရားဇရပ်များတွင်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဟောပြောကြ၏။ ယောဟန်မာကုသည်သူတို့၏လက်ထောက် အဖြစ်ကူညီဆောင်ရွက်၏။ Ver CapítuloGarrad Bible5 လက် ထောက် ဖြစ် သူ ယော ဟန် ပါ ယု ဒ လူ မျိုး တို့ ဓ မ္မာ ရုံ များ တွင် ဘု ရား သ ခင့် တ ရား တော် ကို ကြော် ငြာ ကြ၏။ Ver CapítuloJudson Bible5 ရှာလမိမြို့၌ရှိနေစဉ်၊ ယုဒတရားဇရပ်များတွင် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း ထိုသူတို့၏လက်ထောက် ဖြစ်သတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း5 ရှာလမိမြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်များတွင် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ ယောဟန်မာကုသည်လည်း သူတို့၏လက်ထောက်အဖြစ် ပါရှိလေ၏။ Ver Capítulo |
သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်”ဟု မိန့်တော်မူ၏။