တမန်တော်ဝတ္ထု 13:26 - မြန်မာ့စံမီသမ္မာကျမ်း26 အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။ Ver CapítuloCommon Language Bible26 ``အာဗြဟံ၏သားမြေးဖြစ်သူငါ့ညီအစ်ကို တို့နှင့် ဘုရားသခင်ကိုကိုးကွယ်သူအခြား အမျိုးသားတို့၊ ဤကယ်တင်ခြင်းဆိုင်ရာ တရားကိုငါတို့ထံသို့ရောက်ရှိလာစေ၏။- Ver CapítuloGarrad Bible26 အာ ဗြ ဟံ့ အ မျိုး သား တို့ မှ စ၍ ဘု ရား သ ခင် ကို ခန့် ညား သော ညီ အစ် ကို တို့၊ ဤ ကယ် တင် တော် မူ ခြင်း ဆိုင် ရာ သ တင်း ကို ငါ တို့ ထံ ပို့ လိုက် တော် မူ ပြီ။ Ver CapítuloJudson Bible26 အာဗြဟံအမျိုးဖြစ်သော ညီအစ်ကိုမှစ၍ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း26 အို အာဗြဟံ၏မျိုးဆက် ညီအစ်ကိုမောင်နှမတို့မှစ၍ ဘုရားသခင်ကို ကိုးကွယ်ကြသောလူမျိုးခြားတို့… ဘုရားသခင်သည် ဤကယ်တင်ခြင်းတရားတော်ကို ငါတို့ထံ ပေးပို့တော်မူ၏။ Ver Capítulo |
အို ယာကုပ်အမျိုးအနွယ်တို့၊ နားထောင်ကြလော့။ သင်တို့သည် အစ္စရေးဟူသောအမည်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူ၊ ယုဒစမ်းရေတွင်းများမှ စီးထွက်လာသူ၊ သစ္စာတရားအားဖြင့်မဟုတ်၊ ဖြောင့်မတ်ခြင်းအားဖြင့်မဟုတ်ဘဲ ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုသူ၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထံ ပတ္ထနာပြုသောသူ၊
ဤအကြောင်းနှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်မင်းနှင့် လူကြီးအဖွဲ့ဝင်အပေါင်းတို့သည် အကျွန်ုပ်အတွက် သက်သေခံပေးနိုင်ပါသည်။ အကျွန်ုပ်သည် သူတို့ထံမှ ဒမတ်စကပ်မြို့ရှိညီအစ်ကိုများထံသို့ ရေးသားသည့်စာများကိုယူလျက် ထိုအရပ်၌ရှိသော သူတို့ကိုလည်း ချည်နှောင်၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာကာ ပြစ်ဒဏ်ပေးရန်အတွက် ထိုမြို့သို့ ထွက်သွားခဲ့ပါသည်။