တမန်တော်ဝတ္ထု 11:24 - မြန်မာ့စံမီသမ္မာကျမ်း24 အကြောင်းမူကား သူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်၏။ ထိုအခါ များစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။ Ver CapítuloCommon Language Bible24 ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။ Ver CapítuloJudson Bible24 ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။ Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း24 ဗာနဗသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့် ယုံကြည်ခြင်းတို့ဖြင့် ပြည့်ဝသောသူဖြစ်၏။ ထို့ကြောင့် မြောက်မြားစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။ Ver Capítulo |
သို့သော် လူမျိုးခြားတို့အတွက် ငါ့ကိုခရစ်တော်ယေရှု၏အမှုတော်ကိုထမ်းဆောင်သူဖြစ်စေ၍ ဘုရားသခင်၏ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်ယဇ်ပုရောဟိတ်အမှုကိုဆောင်ရွက်စေပြီး ထိုလူမျိုးခြားတို့ကိုသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်းခံရသည့်နှစ်သက်လက်ခံဖွယ်ပူဇော်သက္ကာဖြစ်စေရန် ငါ့အား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ကို တစ်ဖန်သတိပေးရန် တချို့အပိုင်း၌ ငါရဲဝံ့စွာ ရေးခဲ့၏။