ဇေဖနိ 3:7 - မြန်မာ့စံမီသမ္မာကျမ်း7 ငါက ‘သင်သည် ငါ့ကိုကြောက်ရွံ့လိမ့်မည်၊ ငါ၏ဆုံးမစကားကို နာခံလိမ့်မည်၊ ထို့ကြောင့် သင့်ကို တစ်ခုမျှဒဏ်မခတ်၊ သင့်နေရာကို မဖျက်ဆီး’ဟု ဆိုသော်လည်း စင်စစ် သူတို့၏အပြုအမူများမှာ ပိုမိုဆိုးဝါးလာ၏။ Ver CapítuloCommon Language Bible7 ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။ Ver CapítuloGarrad Bible7 ငါ က၊ သင် သည် ငါ စီ ရင် ခဲ့ သ မျှ အ တိုင်း မြို့ တည် ရင်း မ ပျက် အံ့ သော ငှာ၊ အ ဆုံး အ မ တော် ကို နာ ယူ လျက်၊ ငါ့ အား ခန့် ညား လိမ့် မည် ဟု မျှော် လင့် သော် လည်း၊ ချင်း တို့ သည် ပျက် ယွင်း ခြင်း အ ပြု အ မူ ကို သာ ဝိ ရိ ယ စိုက် ကြ၏။ Ver CapítuloJudson Bible7 ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက်ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်းငှာ၊ ငါ့ကိုကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသောအကျင့်ကိုသာ ကျင့်ကြ၏။ Ver Capítulo |
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။