ဇေဖနိ 3:6 - မြန်မာ့စံမီသမ္မာကျမ်း6 “လူမျိုးတကာတို့ကို ငါပယ်ရှင်းပြီ။ သူတို့၏မျှော်စင်များ ပျက်စီးလေပြီ။ လမ်းတို့ကိုလည်း ခြောက်ကပ်စေပြီဖြစ်၍ ဖြတ်သန်းသွားလာသောသူမရှိ။ မြို့များကိုလည်း ဖျက်ဆီးပစ်ပြီဖြစ်၍ နေထိုင်သူတစ်ဦးမျှမရှိပေ။ Ver CapítuloCommon Language Bible6 ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။- Ver CapítuloGarrad Bible6 ခံ တပ် များ၌ ဆိတ် ညံ ရာ ရောက် အောင်၊ လူ မျိုး တို့ ကို ပယ် ရှား ခြင်း၊ လျှောက် သွား သူ ကင်း သည့် တိုင် အောင်၊ လမ်း များ ကို ဖုန်း ဆိုး ကုန်း ထား ခြင်း၊ နေ ထိုင် သူ မဲ့ သည့် တိုင် အောင်၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု ခဲ့ ရာ တွင်၊ Ver CapítuloJudson Bible6 လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက်များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှာ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစ်စုံတစ်ယောက်မျှ မနေစေခြင်းငှာ ဖျက်ဆီးလေပြီ။ Ver Capítulo |