ဇေဖနိ 3:16 - မြန်မာ့စံမီသမ္မာကျမ်း16 ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့အား “မကြောက်နှင့်၊ ဇိအုန်မြို့၊ လက်ပန်းမကျနှင့်။ Ver CapítuloCommon Language Bible16 ထိုနေ့တွင်ယေရုရှလင်မြို့အားဤသို့ဆို လိမ့်မည်။ ``အို ဇိအုန်မြို့၊မကြောက်နှင့်။ သင်သည်လက်မှိုင်ချ၍မနေနှင့်။ Ver CapítuloGarrad Bible16 ထို နေ့ ရက်၌ ယေ ရု ရှ လင် မြို့ အား၊ အို ဇိ အုန် မြို့၊ ကြောက် ရွံ့ ခြင်း၊ လက် လျော့ ခြင်း မ ရှိ လင့်။ Ver CapítuloJudson Bible16 မစိုးရိမ်ပါနှင့်ဟု၊ ယေရုရှလင်မြို့အားလည်းကောင်း၊ လက်အား မလျှော့စေနှင့်ဟု၊ ဇိအုန်တောင်အားလည်းကောင်း ထိုအခါ ဆိုရ၏။ Ver Capítulo |
ထိုနေ့ရက်၌ လူတို့က “ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့၏ဘုရားသခင်ပေတည်း။ ငါတို့သည် ကိုယ်တော်ကိုစောင့်မျှော်၍ ကိုယ်တော်သည် ငါတို့ကိုကယ်တင်တော်မူ၏။ ဤအရှင်ကား ငါတို့စောင့်မျှော်သော ထာဝရဘုရားပေတည်း။ ငါတို့သည် ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် ရွှင်လန်းဝမ်းမြောက်ကြကုန်စို့”ဟု ဆိုကြလိမ့်မည်။
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။