ဇေဖနိ 3:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထာဝရဘုရားသည် သင်ခံရမည့်အပြစ်ဒဏ်များကို ပယ်ရှားလိုက်ပြီ။ ရန်သူတို့ကိုလည်း သင့်ထံမှ ပြန်လှည့်သွားစေပြီ။ အစ္စရေးဘုရင်ထာဝရဘုရားသည် သင့်အလယ်တွင် ရှိနေသည်ဖြစ်၍ သင်သည် ဘေးအန္တရာယ်ကို ကြောက်ရတော့မည်မဟုတ်။ Ver CapítuloCommon Language Bible15 ကိုယ်တော်သည်သင်တို့အားအတိုက်အခံ ပြုသူများကိုဖယ်ရှားတော်မူပြီ။ ထာဝရဘုရားသည်သင်တို့၏ရန်သူများကို ရုပ်သိမ်းတော်မူပြီ။ ဣသရေလအမျိုးသားတို့၏ဘုရင်ထာဝရ ဘုရားသည် သင်တို့နှင့်အတူရှိတော်မူ၏။ ယခုသင်တို့သည်ကြောက်လန့်စရာ အကြောင်းမရှိတော့ပြီ။ Ver CapítuloGarrad Bible15 ထာ ဝ ရ ဘု ရား သည်၊ သင်၌ စီ ရင် ဒဏ် ပ လပ် စေ၍၊ ရန် သူ့ ကို လည်း ဆုတ် ခွာ စေ တော် မူ ပြီ။ ဣ သ ရေ လ လူ မျိုး၏ ဘု ရင် ထာ ဝ ရ ဘု ရား သည်၊ သင့် အ လယ် တွင် စံ နေ တော် မူ သော ကြောင့်၊ ဒု က္ခ တွေ့ ရ တော့ မည် မ ဟုတ်။ Ver CapítuloJudson Bible15 ထာဝရဘုရားသည် သင်၏အပြစ်ဒဏ်တို့ကို ပပျောက်စေ၍၊ သင်၏ရန်သူတို့ကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ်၌ ရှိတော်မူ၏။ သင်သည် နောက်တစ်ဖန် ဘေးဥပဒ်နှင့် မတွေ့မကြုံရ။ Ver Capítulo |
“ဇိအုန်မြို့၌ ထာဝရဘုရား မရှိသလော။ ထိုမြို့၌ရှင်ဘုရင် မရှိသလော ဟူ၍ဝေးလံသောပြည်မှ ငါ့လူမျိုးသမီးပျို၏အော်ဟစ်သံကို ကြားရပါပြီတကား။ သူတို့ကိုးကွယ်သောရုပ်တုဆင်းတုများ၊ တိုင်းတစ်ပါးသားတို့ကိုးကွယ်သောရုပ်တုများဖြင့် သူတို့သည် ငါ့ကို အဘယ်ကြောင့် အမျက်ထွက်စေကြသနည်း။”
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။