ဆာလံ 99:8 - မြန်မာ့စံမီသမ္မာကျမ်း8 အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ ကိုယ်တော်သည် သူတို့ပြုသောမကောင်းမှုများအတွက် အပြစ်ပေးသော်လည်း သူတို့ကို ခွင့်လွှတ်သော ဘုရားသခင်ဖြစ်တော်မူ၏။ Ver CapítuloCommon Language Bible8 အို ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်ခေါ်သော အခါ ထူးတော်မူပါ၏။ ထိုသူတို့ပြုသည့်အပြစ်များအတွက် ဒဏ်ခတ်တော်မူသော်လည်း သူတို့၏အပြစ်များကိုဖြေလွှတ်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ Ver CapítuloGarrad Bible8 အ ကျွန်ုပ် တို့ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ထူး တော် မူ၍၊ သူ တို့ အ မှု များ ကြောင့် လက် စား ချေ လျက် ပင်၊ ချမ်း သာ ပေး သော ဘု ရား ဖြစ် တော် မူ ပါ ၏။ Ver CapítuloJudson Bible8 အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ သူတို့အမှုကြောင့် အပြစ်ပေးသော်လည်း၊ သူတို့ကို သည်းခံသောဘုရား ဖြစ်တော်မူ၏။ Ver Capítulo |