ဆာလံ 67:7 - မြန်မာ့စံမီသမ္မာကျမ်း7 ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူမည်ဖြစ်၍ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ကိုယ်တော်ကိုကြောက်ရွံ့ကြလိမ့်မည်။ Ver CapítuloCommon Language Bible7 ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။ Ver CapítuloGarrad Bible7 ဘု ရား သ ခင် သည်၊ ငါ တို့ ကို ကောင်း ကြီး ပေး တော် မူ၍၊ မြေ ကြီး အ စွန်း အ ဖျား ရှိ သ မျှ တိုင် အောင်၊ ကိုယ် တော် ကို ခန့် ညား ရ ကြ လ တ္တံ့။ Ver CapítuloJudson Bible7 ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူဦးမည်။ မြေကြီးစွန်းအပေါင်းတို့သည်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့ကြလိမ့်မည်။ Ver Capítulo |
ဧဖရိမ်ပြည်၏စစ်ရထား၊ ဂျေရုဆလင်မြို့၏မြင်းတို့ကို ငါဖယ်ရှားပစ်မည်။ စစ်လေးလက်နက်တို့သည်လည်း ကျိုးပဲ့ကုန်လိမ့်မည်။ ရှင်ဘုရင်သည် လူမျိုးတကာတို့ကို ငြိမ်းချမ်းရေးသတင်းစကားပြောကြားလိမ့်မည်။ သူ၏အုပ်စိုးမှုအာဏာစက်သည် တစ်ပင်လယ်မှ တစ်ပင်လယ်တိုင်အောင်လည်းကောင်း၊ ယူဖရေးတီးမြစ်မှ မြေကြီးစွန်းတိုင်အောင်လည်းကောင်း ရောက်လိမ့်မည်။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။