ဆာလံ 33:11 - မြန်မာ့စံမီသမ္မာကျမ်း11 ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။ Ver CapítuloCommon Language Bible11 သို့ရာတွင်ကိုယ်တော်၏အကြံအစည်တော်တို့ မူကား အဘယ်ကာလ၌မျှပျက်ပြားလိမ့်မည်မဟုတ်။ ကိုယ်တော်၏ရည်မှန်းချက်တို့သည်ထာဝစဉ် အောင်မြင်သတည်း။ Ver CapítuloGarrad Bible11 ထာ ဝ ရ ဘု ရား ၏ ပြ ဋ္ဌာန်း တော် မူ ချက် ကား၊ အ စဉ် မြဲ လျက်၊ နှ လုံး တော် အ ကြံ အ စည် များ လည်း၊ လူ မျိုး အ ဆက် ဆက် တည် ၏။ Ver CapítuloJudson Bible11 ထာဝရဘုရား၏ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏အကြံအစည်တို့သည် သားစဉ်မြေးဆက် အဆုံးတိုင်အောင်တည်ကြလိမ့်မည်။ Ver Capítulo |
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။