ဆာလံ 24:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။ Ver CapítuloCommon Language Bible4 အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက် အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။ Ver CapítuloGarrad Bible4 သန့် စင် သော လက်၊ စင် ကြယ် သော စိတ် ရှိ လျက်၊ အ န တ္တ ကို မ စွဲ မ လမ်း၊ လှည့် ဖြား ၍ သ စ္စာ မ မူ သူ ပေ တည်း။ Ver CapítuloJudson Bible4 သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံးရှိသောသူ၊ မုသားကိုမမှီဝဲ မဆည်းကပ်၊ မမှန်သောကျိန်ဆိုခြင်းကို မပြုသောသူသည်၊ Ver Capítulo |
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။