ဆာလံ 24:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ မည်သူတက်ရမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောနေရာတွင် မည်သူရပ်ရမည်နည်း။ Ver CapítuloCommon Language Bible3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။ Ver CapítuloGarrad Bible3 ထာ ဝ ရ ဘု ရား ၏ တောင် တော် ပေါ် သို့ တက် ရ သူ၊ သန့် ရှင်း ရာ ဌာ န တော်၌ ရပ် တန့် ရ သူ ကား၊ မည် သူ ပါ နည်း။ Ver CapítuloJudson Bible3 ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာဌာနတော်၌ အဘယ်သူသည် ရပ်နေရမည်နည်းဟူမူကား၊ Ver Capítulo |
ထိုအခါ ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ ငါမိန့်ဆိုထားသော ထာဝရဘုရား၏အိမ်တော်ဆိုင်ရာ ပြဋ္ဌာန်းချက်၊ ပညတ်ချက် အလုံးစုံတို့ကို သင့်မျက်စိဖြင့် ကြည့်လော့။ နားဖြင့် နားထောင်လော့။ စိတ်နှလုံးဖြင့် မှတ်ကျုံးလော့။ အိမ်တော်အဝင်ပေါက်၊ သန့်ရှင်းရာဌာနအထွက်ပေါက်တို့ကို သေချာစွာမှတ်သားလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။