ဆာလံ 131:2 - မြန်မာ့စံမီသမ္မာကျမ်း2 အကယ်စင်စစ် မိမိ၏မိခင်နှင့်အတူရှိသည့် နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ အကျွန်ုပ်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ငြိမ်သက်တိတ်ဆိတ်စွာနေစေပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲ၌ နို့ပြတ်ပြီးသောကလေးငယ်ကဲ့သို့ဖြစ်ပါ၏။ Ver CapítuloCommon Language Bible2 ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။ Ver CapítuloGarrad Bible2 နို့ ခွာ ပြီး သူ ငယ် ကဲ့ သို့ စိတ် သ ဘော ရှိ သော အ ကျွန်ုပ် သည်၊ အ မိ ပိုက် သော နို့ ခွာ ပြီး သူ ငယ့် သ ဖွယ် ဖြစ် လျက်၊ ကိုယ့် စိတ် ကို ဖြေ ၍ သေ ဝပ် စေ ပါ ပြီ။ Ver CapítuloJudson Bible2 အကယ်စင်စစ် အကျွန်ုပ်သည် အမိနို့နှင့် ကွာသော သူငယ်ကဲ့သို့၊ ကိုယ်စိတ်ကိုဖြေ၍ ငြိမ်းစေပါပြီ။ အကျွန်ုပ်စိတ်နှလုံးသည် နို့ကွာသောသူငယ်ကဲ့သို့ ဖြစ်ပါ၏။ Ver Capítulo |
ယခုပင်ကြည့်ပါလော့။ ထာဝရဘုရားသည် လိုဏ်ဂူထဲရောက်နေသောအရှင်မင်းကြီးအား အကျွန်ုပ်လက်သို့ အပ်တော်မူသည်ကို ယနေ့ အရှင်မင်းကြီးအမြင်ပင် ဖြစ်ပါ၏။ အရှင်မင်းကြီးကို ကွပ်မျက်ရန်ပြောဆိုကြသော်လည်း အရှင်မင်းကြီးကို အကျွန်ုပ်နှမြောသည်ဖြစ်၍ အကျွန်ုပ်က ‘ငါသည် ငါ့သခင်ကို ကိုယ်ထိလက်ရောက်မပြု။ အကြောင်းမှာ သူသည် ထာဝရဘုရား ဘိသိက်ပေးထားသောသူဖြစ်၏’ဟု ပြန်ပြောပါ၏။