Biblia Todo Logo
La Biblia Online
- Anuncios -




ဆာ​လံ 129:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 သို့သော် ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​သည် ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​ကို အပိုင်းပိုင်း​ဖြတ်​တော်မူ​၏​။

Ver Capítulo Copiar

Common Language Bible

4 သို့​ရာ​တွင်​ဖြောင့်​မတ်​တော်​မူ​သော​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကျွန်​ဘ​ဝ​မှ လွတ်​မြောက်​စေ​တော်​မူ​လေ​ပြီ''

Ver Capítulo Copiar

Garrad Bible

4 ဖြောင့် မတ် တော် မူ သော ထာ ဝ ရ ဘုရား သည်၊ လူ ဆိုး တို့၏ နှောင် ကြိုး များ ကို ဖြတ် တော် မူ ပြီ။

Ver Capítulo Copiar

Judson Bible

4 ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ ကြိုး​တို့​ကို ဖြတ်​တော်​မူ​ပြီ။

Ver Capítulo Copiar




ဆာ​လံ 129:4
9 Referencias Cruzadas  

အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ယနေ့ လွတ်မြောက်​၍ ကြွင်းကျန်​သော​သူ​များ ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အပြစ်​ရှိ​လျက်ပင် ကိုယ်တော့်​ရှေ့​တွင် ရပ်​နေ​ခွင့်​ရ​ပါ​ပြီ​။ သို့သော် ကိုယ့်​အပြစ်​ကြောင့် ရှေ့​တော်​တွင် ရပ်​နေ​နိုင်​သူ တစ်ဦးမျှ​မ​ရှိ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။


အကျွန်ုပ်​တို့​အား ကြုံတွေ့​စေ​သော​အဖြစ်အပျက်​အလုံးစုံ​တို့​၌ ကိုယ်တော်​သည် တရား​ပါ​၏​။ ကိုယ်တော်​သည် သစ္စာရှိ​စွာ​ပြု​သော်လည်း အကျွန်ုပ်​တို့​ကား ဆိုးယုတ်​စွာ​ပြု​တတ်​ကြ​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။


သူ​သည် နောင်တ​မ​ရ​လျှင် ကိုယ်တော်​သည် ဓား​တော်​ကို​သွေး​ထား​လိမ့်မည်​။ လေး​တော်​ကို​တင်​၍ ချိန်ရွယ်​ထား​လိမ့်မည်​။


ထာဝရဘုရား​သည် ဖြောင့်မတ်​တော်မူ​၏​။ ငါ​မူကား ထာဝရဘုရား​၏​အမိန့်​တော်​ကို ဖီဆန်​လေ​ပြီ​။ လူမျိုး​အပေါင်း​တို့​၊ နားထောင်​ကြ​လော့​။ ငါ​ခံရ​သော​ဒုက္ခဝေဒနာ​ကို ကြည့်ရှု​ကြ​လော့​။ ငါ​၏​အပျို​၊ လူပျို​တို့​သည် သုံ့ပန်း​အဖြစ် လိုက်ပါ​သွား​ရ​လေ​ပြီ​။


ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​ကြောင့် ငါ​တို့​သည် ပျက်စီး​ခြင်း​သို့​မ​ရောက်​ပါ​။ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည်​လည်း အဆုံး​မ​ရှိ​ပါ​။


အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​ပါ​၏​။ ကိုယ်တော်​အား သစ္စာမဲ့မှု​ကြောင့် ရပ်နီး​ရပ်ဝေး​ရှိ အတိုင်းတိုင်း​အပြည်ပြည်​သို့ ကွဲလွင့်​သွား​သော ယုဒ​လူမျိုး​များ​၊ ဂျေရုဆလင်​မြို့သူမြို့သား​များ​မှစ၍ အစ္စရေး​အမျိုးသား​များ​ဖြစ်​သည့် အကျွန်ုပ်​တို့​မူကား ယနေ့​တိုင် အရှက်ကွဲ​၍​မျက်နှာပျက်​ကြ​ရ​ပါ​ပြီ​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos