ဆာလံ 106:21 - မြန်မာ့စံမီသမ္မာကျမ်း21-22 အီဂျစ်ပြည်၌ ကြီးမားသောအမှုများ၊ ဟာမပြည်၌ အံ့ဖွယ်သောအမှုများ၊ ပင်လယ်နီ၌ ကြောက်ရွံ့ဖွယ်သော အမှုများကို ပြုတော်မူသောအရှင်တည်းဟူသော မိမိတို့အား ကယ်တင်တော်မူသောဘုရားသခင်ကို သူတို့သည် မေ့လျော့ကြ၏။ Ver CapítuloCommon Language Bible21 အီဂျစ်ပြည်တွင်အံ့သြဖွယ်ကောင်းသော အမှုတော်များဖြင့် မိမိတို့အားကယ်တော်မူခဲ့သောဘုရားသခင်ကို မေ့လျော့ကြ၏။ Ver CapítuloGarrad Bible21 အိ ဂျစ် နိုင် ငံ ၌ ကြီး မြတ် သော အ မှု များ ကို လည်း ကောင်း၊ ဟာ မ လူ မျိုး ၏ ပြည် တွင် အံ့ ဖွယ် ရာ များ ကို လည်း ကောင်း၊ Ver CapítuloJudson Bible21 အဲဂုတ္တုပြည်၌ ကြီးသောအမှုတို့ကိုလည်းကောင်း၊ Ver Capítulo |
ပြောပြကြလော့။ တင်ပြကြလော့။ သူတို့ အတူတကွတိုင်ပင်ကြပါစေ။ ဤအမှုကို ရှေးကာလမှစ၍ မည်သူကြားသိစေခဲ့သနည်း။ ထိုအချိန်မှစ၍ မည်သူပြောကြားခဲ့သနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။ ငါမှတစ်ပါး အခြားဘုရားမရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှတစ်ပါး အခြားမရှိ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။