ကမ္ဘာဦး 48:7 - မြန်မာ့စံမီသမ္မာကျမ်း7 ငါသည် ပါဒန်အာရံပြည်မှပြန်လာသောအခါ ခါနာန်ပြည်သို့အပြန်လမ်း၌ ဧဖရတ်အရပ်သို့ရောက်ရန်အလှမ်းဝေးသေးသောနေရာတွင် ရာခေလသည် ငါ့မျက်စိရှေ့မှာပင် သေဆုံး၍ သူ့ကို ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သင်္ဂြိုဟ်၏”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible7 ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။) Ver CapítuloGarrad Bible7 ပါ ဒန် ပြည် မှ ငါ ထွက် လာ သည့် ကာ လ ခါ နာန် ပြည်၌ ခ ရီး သွား ရာ၊ ဧ ဖ ရတ် မြို့ နှင့် အ တန် ကွာ တွင် ရာ ခေ လ သေ ရှာ၏။ သေ လွန် ရာ အ ရပ် ဗက် လင်၊ တစ် နည်း ဧ ဖ ရတ် မြို့ လမ်း တွင် သင်္ဂြိုဟ် ရ သည် ဟု ယော သပ် အား ပြော ဆို ၏။ Ver CapítuloJudson Bible7 ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။ Ver Capítulo |
ယနေ့ ငါ့ထံမှ သင်ပြန်သွားလျှင် ဗင်္ယာမိန်နယ်စပ်၊ ဇေလဇအရပ်ရှိ ရာခေလသင်္ချိုင်းအနားတွင် လူနှစ်ယောက်ကို တွေ့လိမ့်မည်။ သူတို့က သင့်အား ‘သင်သွားရှာသောမြည်းတို့ကို ပြန်တွေ့ပြီ။ ယခု သင့်ဖခင်သည် မြည်းတို့အတွက် မစိုးရိမ်တော့ဘဲ ငါ့သားအဖို့ မည်သို့ပြုရမည်နည်းဟု ဆိုပြီး သင်တို့အတွက် စိုးရိမ်လျက်ရှိ၏’ဟု သင့်ကို ပြောလိမ့်မည်။