ကမ္ဘာဦး 42:34 - မြန်မာ့စံမီသမ္မာကျမ်း34 သို့သော် သင်တို့၏အငယ်ဆုံးညီကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့။ ဤသို့ဖြင့် သင်တို့သည် သူလျှိုများမဟုတ်ဘဲ ရိုးသားသောသူများဖြစ်ကြောင်း ငါသိရလိမ့်မည်။ ထိုအခါ သင်တို့၏ညီအစ်ကိုကို သင်တို့ထံ ငါပြန်အပ်၍ သင်တို့သည် ဤပြည်၌ ရောင်းဝယ်ဖောက်ကားခွင့်ရလိမ့်မည်’ဟူ၍ မိန့်ဆိုပါသည်”ဟု ဆိုကြ၏။ Ver CapítuloCommon Language Bible34 သင်တို့၏ညီအငယ်ဆုံးကိုငါ့ထံသို့ခေါ် ဆောင်ခဲ့လော့။ ထိုသို့ပြုလုပ်လျှင်သင်တို့ သူလျှိုမဟုတ်၊ ရိုးသားသူများဖြစ်သည်ကို ငါသိနိုင်မည်။ ထိုနောက်သင်တို့၏ညီကိုသင် တို့ထံသို့ငါပြန်အပ်မည်။ သင်တို့သည်လည်း ဤပြည်တွင်နေထိုင်၍ရောင်းဝယ်ဖောက်ကား နိုင်ကြမည်' '' ဟူ၍ဆိုကြ၏။ Ver CapítuloGarrad Bible34 သို့ မှ သင် တို့ သည် သူ လျှို မ ဟုတ်။ လူ ရိုး လူ ကောင်း မှန် သည် ကို ငါ သိ ရ သ ဖြင့် ညီ အစ် ကို ကို အပ် မည်။ သင် တို့ လည်း ပြည် တော်၌ ကူး သန်း ရောင်း ဝယ် ခွင့် ရ ကြ လိမ့် မည် ဟု ဆို ကြောင်း အ ဘ အား လျှောက် ကြား ကြ၏။ Ver CapítuloJudson Bible34 အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ်၊ ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကို ကိုလည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊ Ver Capítulo |