ကမ္ဘာဦး 41:38 - မြန်မာ့စံမီသမ္မာကျမ်း38 ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။ Ver CapítuloCommon Language Bible38 ထိုနောက်ဘုရင်ကမှူးမတ်တို့အား``ယောသပ် သည်ဘုရားထံမှဉာဏ်ပညာကိုရရှိသူဖြစ် ၏။ သူ့ထက်သာသောသူကိုငါတို့ရှာ၍မ တွေ့နိုင်'' ဟုမိန့်တော်မူ၏။- Ver CapítuloGarrad Bible38 ဖာ ရော မင်း က၊ ဘု ရား သ ခင့် ဝိ ညာဉ် တော် တည်၍ ဤ သို့ သော သူ့ ကို ရှာ ဖွေ တွေ့ နိုင် အံ့ လော ဟု ကျေး ကျွန် သင်း ပင်း တို့ အား မေး ပြီး လျှင်၊ Ver CapítuloJudson Bible38 ဖာရောမင်းက၊ ဘုရားသခင်၏ဝိညာဉ်တော်ကိုရ၍ ဤကဲ့သို့သောသူကို အဘယ်မှာ ရှာ၍တွေ့မည်နည်းဟု ကျွန်တော်မျိုးတို့အားမိန့်တော်မူ၏။ Ver Capítulo |
ဤသည်ကား ငါနေဗုခဒ်နေဇာမင်းကြီး မြင်မက်သောအိပ်မက်ဖြစ်၏။ ယခုတွင် အသင်ဗေလတရှာဇာ၊ ငါ့အိပ်မက်၏အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။ ငါ့နိုင်ငံမှ ပညာရှိအပေါင်းတို့သည် ငါ့အိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြနိုင်ကြ။ သင်မူကား သန့်ရှင်းသောဘုရားများ၏ဝိညာဉ်သည် သင်၌တည်သောကြောင့် ဖော်ပြနိုင်လိမ့်မည်”ဟု မိန့်ဆို၏။
အရှင်မင်းကြီး၏နိုင်ငံတော်တွင် သန့်ရှင်းသောဘုရားများ၏ဝိညာဉ်နှင့်ပြည့်သောသူတစ်ဦး ရှိပါ၏။ ထိုသူသည် အရှင်မင်းကြီး၏ခမည်းတော်လက်ထက်ကပင် ဉာဏ်အလင်း၊ ပိုင်းခြားသိနိုင်သောဉာဏ်၊ ဘုရားဉာဏ်နှင့်တူသောဉာဏ် ရှိသောသူအဖြစ် ကျော်ကြားခဲ့၏။ အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အား မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများ၏အကြီးအမှူးအဖြစ် ခန့်အပ်ခဲ့၏။
ထိုအခါ အခြားအုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအရာရှိတို့သည် နိုင်ငံအရေးနှင့်ပတ်သက်၍ ဒံယေလကို စွပ်စွဲနိုင်ရန် သူ၏အမှားကို ရှာကြံကြ၏။ သို့သော် ဒံယေလသည် သစ္စာရှိသူဖြစ်သည်နှင့်အညီ သူ၌ မှားယွင်းမှု၊ ပေါ့ဆမှုတစ်စုံတစ်ရာမျှမရှိ။ သူ၌အမှားမတွေ့သောကြောင့် သူ့ကိုစွပ်စွဲ၍မရကြ။