ကမ္ဘာဦး 31:48 - မြန်မာ့စံမီသမ္မာကျမ်း48 ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊ Ver CapítuloCommon Language Bible48 ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။- Ver CapítuloGarrad Bible48 လာ ဗန် က လည်း၊ ငါ နှင့် သင့် စပ် ကြား တွင် ဤ ကျောက် ပုံ သည် ယ နေ့ သက် သေ ဖြစ် သည် ဟု ဆို သည် ကို အ စွဲ ပြု၍ ဂိ လဒ် အ မည် ဖြင့် မှည့် ကြ သည့် ပြင်၊ Ver CapítuloJudson Bible48 လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။ Ver Capítulo |
ငါတို့သည် ငါတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများ၊ မိတ်သဟာယယဇ်များဖြင့် ထာဝရဘုရား၏ရှေ့တော်၌ ကိုယ်တော်ကိုဝတ်ပြုတတ်ကြကြောင်း သင်တို့နှင့်ငါတို့အကြား၊ နောင်လာမည့်ငါတို့၏မျိုးဆက်အစဉ်အဆက်ကြား၌ သက်သေဖြစ်စေရန်သာဖြစ်၏။ သို့မှ နောင်ကာလ၌ သင်တို့၏သားမြေးတို့သည် ငါတို့၏သားမြေးတို့အား “ထာဝရဘုရား၌ သင်တို့အဖို့ဝေစုမရှိ”ဟူ၍ ပြောခွင့်ရှိတော့မည်မဟုတ်’ဟု ပြောဆိုတိုင်ပင်ကြ၏။
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။