ကမ္ဘာဦး 30:40 - မြန်မာ့စံမီသမ္မာကျမ်း40 ယာကုပ်သည် မွေးလာသည့်သိုးသငယ်၊ ဆိတ်သငယ်တို့ကိုသီးသန့်ခွဲထား၍ သိုးဆိတ်တို့ကို လာဗန်၏သိုးဆိတ်တို့ထဲမှ အစင်းကျားပါသောအကောင်နှင့် ညိုသောအကောင်အားလုံး၏ရှေ့၌ထားလေ၏။ ဤသို့ဖြင့် သူသည် မိမိကိုယ်ပိုင်တိရစ္ဆာန်အုပ်ဖြစ်လာအောင်ပြုပြီး လာဗန်၏သိုးဆိတ်တို့နှင့်မရောဘဲထားလေ၏။ Ver CapítuloCommon Language Bible40 ယာကုပ်သည်သိုးအုပ်နှင့်ဆိတ်အုပ်တို့ကိုခွဲ ခြားထားပြီးလျှင် လာဗန်၏တိရစ္ဆာန်အုပ်ထဲမှ အပြောက်အကျားနှင့်မည်းနက်သောအကောင် တို့ကိုမျက်နှာမူစေသည်။ ထိုနည်းအားဖြင့် သူပိုင်သောသိုးဆိတ်များပွားများလာ၍ လာဗန်၏သိုးဆိတ်အုပ်နှင့်သီးခြားထား ရှိလေသည်။ Ver CapítuloGarrad Bible40 ယာ ကုပ် သည် ၎င်း သား ငယ် များ ကို ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ အ နက် အ ညို၊ အ ကျား ရှိ သ မျှ တို့ ရှေ့ မှာ သိုး ဆိတ် များ ကို မျက် နှာ ချင်း ဆိုင် စေ ၏။ ကိုယ့် သိုး ဆိတ် များ ကို လည်း သီး သန့် ခွဲ ထား၍ လာ ဗန့် သိုး ဆိတ် များ နှင့် မ ရော မ နှော စေ ရ။ Ver CapítuloJudson Bible40 ယာကုပ်သည်သိုး၊ ဆိတ်သငယ်တို့ကိုလည်းခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက်ကျားသောအကောင်၊ အဆင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန်များနှင့် လာဗန်၏တိရစ္ဆာန်များကိုလည်း မရောမနှောစေဘဲ၊ တစ်စုစီခွဲထားလေ၏။ Ver Capítulo |