ကမ္ဘာဦး 30:33 - မြန်မာ့စံမီသမ္မာကျမ်း33 ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကိုလာရောက်စစ်ဆေးသောအခါ နောင်တစ်နေ့တွင် အကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် အကျွန်ုပ်အတွက်သက်သေထူပါလိမ့်မည်။ အကျွန်ုပ်တွင် အစက်အပြောက်မပါသောဆိတ်များနှင့် မညိုသောသိုးသငယ်များရှိခဲ့လျှင် ၎င်းတို့အားလုံးကို အကျွန်ုပ်ခိုးသည်ဟူ၍ မှတ်ယူပါ”ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible33 နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။ Ver CapítuloGarrad Bible33 နောင် ကာ လ၌ ကျွန် တော့် အ ခ ကို ဦး ရီး လာ ရောက် ကြည့် ရှု သော အ ခါ ကျွန် တော့် ဖြောင့် မတ် ခြင်း သည် ကျွန် တော့် အ ကြောင်း သက် သေ ခံ ပါ လိမ့် မည်။ အ ကွက် အ ပြောက် မ ရှိ သော ဆိတ်၊ မ ညို သော သိုး များ တွေ့ ရှိ ခဲ့ လျှင် ကျွန် တော် ခိုး ယူ ကြောင်း မှတ် ပါ လော့ ဟု လျှောက် ဆို ၏။ Ver CapítuloJudson Bible33 သို့ဖြစ်၍၊ နောင်ကာလ၌ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်ကိုစောင့်ရှောက်ပါလိမ့်မည်။ မပြောက်မကျားသောဆိတ်၊ မညိုသောသိုးရှိသမျှတို့ကို၊ ကျွန်ုပ်ခိုးသောအကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။ Ver Capítulo |