ကမ္ဘာဦး 25:18 - မြန်မာ့စံမီသမ္မာကျမ်း18 သူတို့သည် ဟဝိလအရပ်မှ အီဂျစ်ပြည်၏အရှေ့ဘက်၊ အဆီးရီယားပြည်သို့သွားသောလမ်း၌ရှိသည့် ရှုရအရပ်တိုင်အောင် နေထိုင်ကြ၏။ သူတို့သည် မိမိညီအစ်ကိုအပေါင်းတို့နှင့် ရန်ဘက်ပြုလျက် နေထိုင်ကြ၏။ Ver CapítuloCommon Language Bible18 ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။ Ver CapítuloGarrad Bible18 သား တို့ သည် အာ ရှု ရိ ပြည် လမ်း၊ ဟ၀ိ လ မြို့ မှ အိ ဂျစ် ပြည် အ ရှေ့၊ ရှု ရ မြို့ တိုင် အောင် နေ ကြ၏။ ထို သို့ လျှင် ဣ ရှ မေ လ သည် ဆွေ မျိုး သား ချင်း အ ပေါင်း တို့ အ ရှေ့ ဘက် တွင် နေ ရာ ကျ သ တည်း။ Ver CapítuloJudson Bible18 သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်း၊ ဟဝိလမြို့မှစ၍၊ အဲဂုတ္တုပြည်အရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။ Ver Capítulo |
လောတသည် မျှော်ကြည့်ရာ ဇောရမြို့သို့သွားသောလမ်းတစ်လျှောက်၊ ဂျော်ဒန်မြစ်ဝှမ်းတစ်ဝှမ်းလုံးသည် ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့လည်းကောင်း ရေပေါများလျက်ရှိသည်ကိုမြင်လေ၏။ (ထိုအချိန်က သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးချေ။)
ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။