ကမ္ဘာဦး 10:22 - မြန်မာ့စံမီသမ္မာကျမ်း22 ရှေမ၏သားများမှာ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံ တို့ဖြစ်ကြ၏။ Ver CapítuloCommon Language Bible22 ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။- Ver CapítuloGarrad Bible22 ရှေ မ သား များ ကား၊ ဧ လံ၊ အာ ရှု ရိ၊ အာ ဖာ ဇဒ်၊ လု ဒ၊ အာ ရံ တို့ တည်း။ Ver CapítuloJudson Bible22 ရှေမသားကား၊ ဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒ၊ အာရံတည်း။ Ver Capítulo |
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထိုအရပ်တွင် ဧလံဘုရင်ရှိ၏။ သူ့လူအလုံးအရင်းတို့သည် သူ၏သင်္ချိုင်းပတ်ပတ်လည်တွင်ရှိ၏။ သူတို့သည် အသက်ရှင်စဉ် လောကလူသားတို့အား ထိတ်လန့်တုန်လှုပ်စေခဲ့၍ ဓားဖြင့်အသတ်ခံရသူများ ဖြစ်ကြ၏။ ယခုမူ မြေကြီးအောက်ရောက်သွားသော အရေဖျားလှီးခြင်းမခံသောသူတို့နှင့်အတူ သူတို့သည် အသရေပျက်လျက် တွင်းနက်ထဲသို့ကျသွားကြလေပြီ။