ရှောလမုန်သီချင်း။ 7:4 - Common Language Bible4 သင်၏ဦခေါင်းသည် ကရမေလတောင်နှင့် တူ၍၊ ဆံပင်သည်လည်း နီမောင်းသော တန်ဆာဆင်ပါ ၏။ မင်းကြီးသည် ကျစ်သောဆံပင်နှင့် နှောင်ဖွဲ့လျက် ရှိတော်မူ၏။ Ver CapítuloGarrad Bible4 လည် တိုင် သည်၊ ဆင် စွယ် ရဲ တိုက် နှင့် လည်း ကောင်း မျက် စိ တို့ သည်၊ ဟေ ရှ ဘုန် မြို့၊ ဗာ သ ရ ဗ္ဗိမ် တံ ခါး အ နီး ရှိ ရေ ကန် နှင့် လည်း ကောင်း၊ နှာ ခေါင်း သည်၊ ဒ မာ သက် မြို့ ကို မျက် နှာ မူ သော လေ ဗ နုန် ရဲ တိုက် နှင့် လည်း ကောင်း တူ ၏။ Ver CapítuloJudson Bible4 လည်ပင်းသည် ဆင်စွယ်ရဲတိုက်ကဲ့သို့လည်းကောင်း၊ မျက်စိတို့သည် ဟေရှဘုန်မြို့၊ ဗာသရဗ္ဗိမ်တံခါးနားမှာ ရှိသော ရေကန်ကဲ့သို့လည်းကောင်း၊ နှာခေါင်းသည် ဒမာသက်မြို့သို့ မျက်နှာပြုသော လေဗနုန်ရဲတိုက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 သင့်လည်တိုင်သည် ဆင်စွယ်မျှော်စင်နှင့်တူပါ၏။ သင့်မျက်လုံးများသည် ဗာသရဗ္ဗိမ်တံခါးနားရှိ ဟေရှဘုန်ရေကန်တို့နှင့်တူပါ၏။ သင့်နှာခေါင်းသည် ဒမတ်စကပ်မြို့ကို မျက်နှာမူထားသောလက်ဘနွန်မျှော်စင်နှင့်တူပါ၏။ Ver Capítulo |
လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။-
မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။