ရှင်ယောဟန် 2:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဂျေရုဆလင်မြို့ ပသခါပွဲတော်အတွင်း ကိုယ်တော်ပြုတော်မူသော နိမိတ်လက္ခဏာများကို မြင်တွေ့သောကြောင့် လူများစွာတို့သည် ကိုယ်တော်ကို ယုံကြည်လာကြ၏။ Ver CapítuloCommon Language Bible23 ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။- Ver CapítuloGarrad Bible23 ကိုယ်တော်သည် ပသခါပွဲအတွင်း ယေရုရှလင်မြို့၌ရှိစဉ် ပြတော်မူသောနိမိတ် လက္ခဏာများကိုလူအများတို့မြင်ရ၍ နာမတော်ကိုယုံကြည်ကြ၏။ Ver CapítuloJudson Bible23 ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း23 ပသခါပွဲတော်အတောအတွင်း ဂျေရုဆလင်မြို့၌ ယေရှုရှိတော်မူစဉ် များစွာသောလူတို့သည် ကိုယ်တော်ပြုတော်မူသောနိမိတ်လက္ခဏာတို့ကို မြင်ရသဖြင့် ကိုယ်တော်၏နာမတော်ကိုယုံကြည်ကြ၏။ Ver Capítuloမြန်မာ23 ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- Ver Capítulo |
သူသည် ညအခါ ယေရှုထံသို့ လာပြီးလျှင် “ဆရာတော်… ဘုရားသခင်အတူရှိတော်မမူလျှင် ဆရာတော်ပြုသောနိမိတ်လက္ခဏာများကို မည်သူမျှ ပြုနိုင်မည်မဟုတ်သည်ကို ထောက်၍ ဆရာတော်သည် ဘုရားသခင်ထံတော်မှ ကြွလာသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်ပြုတော်မူသော နိမိတ်လက္ခဏာများကိုထောက်ရှု၍ ဘုရားသခင်သည် ဆရာတော်နှင့်အတူရှိတော်မူသည့် သက်သေထင်ရှားပါ၏” ဟု လျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။