ရှင်ယောဟန် 2:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း24 သို့သော် ယေရှုသည် လူ့သဘောသဘာဝကို သိတော်မူသဖြင့် ထိုသူတို့ကို ယုံကြည်စိတ်ချတော်မမူပေ။ Ver CapítuloCommon Language Bible24 သို့ရာတွင်ကိုယ်တော်သည်လူခပ်သိမ်းတို့၏ အကြောင်းကိုသိတော်မူသဖြင့် ထိုသူတို့ အားယုံစားတော်မမူ။ Ver CapítuloGarrad Bible24-25 သို့သော်လည်းယေရှုသည် လူခပ်သိမ်းတို့ကိုသိကျွမ်းတော်မူသည့်အလျောက် မည်သူ့သက်သေခံချက်ကိုမျှမလိုဘဲ လူ့အတွင်းသဘောကိုကိုယ်တော်တိုင်သိမြင်တော်မူသောကြောင့် ကိုယ်ကိုသူတို့သို့ယုံအပ်တော်မမူ။ Ver CapítuloJudson Bible24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း24 သို့သော် ယေရှုသည် မိမိကိုယ်ကို သူတို့ထံ၌ပုံအပ်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် လူခပ်သိမ်းတို့ကိုသိတော်မူ၍ Ver Capítuloမြန်မာ24 သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏။- Ver Capítulo |
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ထိုမှတစ်ဖန် သူတို့က “အို သခင်ဘုရား… သခင်သည် လူအပေါင်းတို့၏စိတ်နှလုံးကို သိမြင်တော်မူ၏။ ယုဒသည် မိမိနှင့်ထိုက်သောနေရာသို့ သွားရန် တမန်တော်ရာထူးကို စွန့်လွှတ်သွားလေပြီ။ ထို့ကြောင့် ဤအမှုတော်လုပ်ငန်းနှင့် သူ၏တာဝန်ကို ဆက်ခံရန် သခင်ဘုရားသည် ဤသူနှစ်ဦးထဲမှ မည်သူ့ကို ရွေးချယ်တော်မူကြောင်း ဖော်ပြတော်မူပါ” ဟု ဆုတောင်းကြ၏။