ဗျာဒိတ် 1:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊ Ver CapítuloCommon Language Bible4 ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊- Ver CapítuloGarrad Bible4 အာ ရှိ ပြည် ရှိ အ သင်း တော် ခု နစ် ပါး ထံ ယော ဟန် ရေး လိုက် သည် မှာ ပ စ္စု ပ္ပန်၊ အ တိတ်၊ အ နာ ဂတ် တည် တော် မူ သော အ ရှင့် ထံ မှ လည်း ကောင်း၊ ပ လ္လင် တော် ရှေ့ တည် ရှိ သော ဝိ ညာဉ် ခု နစ် ပါး ထံ မှလည်း ကောင်း၊ Ver CapítuloJudson Bible4 ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနှစ်ပါး အထံကလည်းကောင်း၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း4 ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊ Ver Capítulo |
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။