ဗျာဒိတ် 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။ Ver CapítuloCommon Language Bible1 ဤကျမ်းစောင်တွင်ယေရှုခရစ်ပေးတော်မူ သော ဗျာဒိတ်တော်အကြောင်းကိုမှတ်တမ်း တင်ထား၏။ ဘုရားသခင်သည်ခရစ်တော် အားဤဗျာဒိတ်တော်ကိုပေးရခြင်းမှာ များ မကြာမီဖြစ်ပျက်ရမည့်အမှုအရာများ ကို မိမိ၏အစေခံတို့အားသိစေရန်ဖြစ် ပေသည်။ ခရစ်တော်သည်မိမိ၏အစေခံ ယောဟန်ထံသို့ကောင်းကင်တမန်ကိုစေ လွှတ်၍ ဤဗျာဒိတ်တော်ကိုပြန်ကြားစေ တော်မူ၏။- Ver CapítuloGarrad Bible1 မ ကြာ မီ ဖြစ် ပျက် ရ မည့် အ ခြင်း အ ရာ များ ကို ကျွန် တော် ရင်း တို့ အား ထင် ရှား စေ ရန် ဘု ရား သ ခင် သ နား တော် မူ၍ ကိုယ် တော်၏ ကျွန် ယော ဟန့် ထံ စေ တ မန် တော် အား ဖြင့်၊ ယေ ရှု ခ ရစ် ဆင့် ဆို ဖော် ပြ တော် မူ သော ဗျာ ဒိတ် တော် အ တိုင်း၊ Ver CapítuloJudson Bible1 ကာလမကြာမမြင့်မီ ဖြစ်ရမည်အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှာ၊ ဘုရားသခင် အပ်ပေးတော်မူသော ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော်အရိပ်ကို ပြတော်မူ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း1 ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။ Ver Capítulo |
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။