တမန်တော်ဝတ္ထု 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း3 သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။ Ver CapítuloCommon Language Bible3 သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။ Ver CapítuloGarrad Bible3 ရှော လု မူ ကား အိမ် တိုင်း သို့ ဝင်၍ ယော ကျာ်း မိန်း မ တို့ ကို ဆွဲ ငင် ထောင် ချ လျက် အ သင်း တော် ကို ဖျက် ဆီး လေ၏။ Ver CapítuloJudson Bible3 ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထားတတ်၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း3 ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။ Ver Capítulo |
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။