တမန်တော်ဝတ္ထု 25:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထိုအခါ အဂြိပ္ပမင်းကြီးက ဖေတ္တုမင်းအား “ကျွန်ုပ်ကိုယ်တိုင် ထိုသူ ပြောသောစကားကို နားထောင်လိုသည်” ဟု ဆိုလေ၏။ ဖေတ္တုမင်းကလည်း “မနက်ဖြန် အရှင်သည် သူ၏စကားကို ကြားရပါလိမ့်မည်” ဟု ပြန်ဖြေလေ၏။ Ver CapítuloCommon Language Bible22 အဂြိပ္ပမင်းက ``ထိုသူပြောကြားသည်ကို ကျွန်ုပ်ကိုယ်တိုင်ကြားလိုပါသည်'' ဟုဆို လျှင်ဖေတ္တုက ``ထိုသူပြောကြားသည်ကို နက်ဖြန်ကြားရပါစေမည်'' ဟုဆို၏။ Ver CapítuloGarrad Bible22 ထို အ ခါ ဖေ တ္ထု မင်း အား အ ဂ ရိ ပ္ပ မင်း က ထို သူ့ စ ကား ကို ကိုယ် တိုင် ကြား လို သည် ဟု ဆို ရာ နက် ဖြန် ကြား ခွင့် ရ ပါ စေ မည် ဟု ပြန် ဆို၏။ Ver CapítuloJudson Bible22 အဂြိပ္ပမင်းကလည်း၊ ထိုသူ၏စကားကို ကျွန်ုပ်သည် ကိုယ်တိုင်နားထောင်ချင်ဖွယ်ဖြစ်သည်ဟု ဆိုလျှင်၊ ဖေတ္တုမင်းက၊ နက်ဖြန်နေ့၌ သူ၏စကားကို နားထောင်ပါလော့ဟု ဆို၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း22 ထိုအခါ အဂြိပ္ပမင်းကြီးသည် ဖေတ္တုမင်းအား “အကျွန်ုပ်ကိုယ်တိုင်လည်း ထိုသူ၏စကားကို နားထောင်လိုပါသည်”ဟု ဆိုသဖြင့် ဖေတ္တုမင်းက “မနက်ဖြန် သူ၏စကားကို အရှင်နားထောင်ရပါမည်”ဟု ဆို၏။ Ver Capítulo |
သို့သော် ဤအရာများမဖြစ်ပွားမီ လူတို့သည် သင်တို့ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်။ သင်တို့ကို ဂျူးဝတ်ပြုဆောင်များသို့ တရားစီရင်ရန် အပ်ကြလိမ့်မည်။ ထောင်များတွင်လည်း အကျဉ်းချထားကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။