တမန်တော်ဝတ္ထု 25:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 သို့ရာတွင် ပေါလုက ဆီဇာဘုရင်၏အဆုံးအဖြတ်ကို ခံယူလို၍ မိမိအားအချုပ်ခန်းတွင်သာထိန်းသိမ်းထားရန် တောင်းဆိုသောကြောင့် သူ့ကိုဆီဇာဘုရင်ထံပို့မည့်အချိန်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်” ဟု ဆိုလေ၏။ Ver CapítuloCommon Language Bible21 သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။ Ver CapítuloGarrad Bible21 ဧ က ရာဇ် ဘု ရင့် ထံ အ ယူ တော် ခံ လို ကြောင်း ပေါ လု လျှောက် ထား သည့် အ တိုင်း ကဲ သာ မင်း ထံ မ ပို့ မ ချင်း ချုပ် ထား စေ ဟု အ မိန့် ရှိ လိုက် ပါ သည် ဟူ၍ ပြော ဆို၏။ Ver CapítuloJudson Bible21 ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း21 သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။ Ver Capítulo |