Biblia Todo Logo
La Biblia Online
- Anuncios -




တမန်တော်ဝတ္ထု 22:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထိုအခါ သခင်ဘုရား​က ‘သွားလော့။ ငါ​သည် သင့်​ကို ရပ်ဝေးရှိ​လူမျိုးခြားတို့​ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။

Ver Capítulo Copiar

Common Language Bible

21 သ​ခင်​ဘု​ရား​က `သွား​လော့။ ရပ်​ဝေး​ရှိ​လူ​မျိုး ခြား​တို့​ထံ​သို့​သင့်​အား​ငါ​စေ​လွှတ်​မည်' မိန့် တော်​မူ​၏'' ဟု​ဆို​၏။

Ver Capítulo Copiar

Garrad Bible

21 ထွက် သွား လော့။ သင့် ကို ဝေး ကွာ သော လူ မျိုး ခြား တို့ ထံ ငါ စေ လွှတ် မည် ဟူ၍ မိန့် တော် မူ ကြောင်း ပြန် ကြား လေ၏။

Ver Capítulo Copiar

Judson Bible

21 လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။

Ver Capítulo Copiar

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုအခါ ကိုယ်တော်​က‘သွား​လော့။ ငါ​သည် သင့်​ကို လူမျိုးခြား​တို့​ရှိ​ရာ ဝေး​သော​အရပ်​သို့ စေလွှတ်​မည်’​ဟု အကျွန်ုပ်​အား မိန့်​တော်မူ​သည်”​ဟု ဆို​လေ​၏။

Ver Capítulo Copiar




တမန်တော်ဝတ္ထု 22:21
15 Referencias Cruzadas  

ထို​သူတို့​သည် သခင်ဘုရား​ကို​ဝတ်ပြု​၍ အစာရှောင်နေကြ​စဉ် သန့်ရှင်းသော​ဝိညာဉ်တော်​က “ငါ​ခန့်အပ်သော​အမှု​ကို ဆောင်ရွက်​ရန် ဗာနဗ​နှင့် ရှောလု​တို့​ကို သီးသန့်​ရွေးချယ်ကြလော့” ဟု ဆို၏။


ဂျူးတို့​သည် သူ့​ကို ဆန့်ကျင်​၍ ရှုတ်ချ​ပြောဆိုကြ​သောအခါ ပေါလု​သည် မိမိ​အဝတ်​ပေါ်မှ ဖုန်မှုန့်​ကို ခါချ​၍ “သင်တို့​၏​အပြုအမှု​အတွက် သင်တို့​ပင် တာဝန်​ခံရမည်။ ငါ​သည် ထို​အရာ​နှင့်​ကင်းရှင်းပါ၏။ ယခု​မှစ၍ လူမျိုးခြားတို့​ထံ သွားမည်” ဟု ပြောလေ၏။


သို့သော် သခင်ဘုရား​က “သွားလော့။ ထို​သူ​သည် လူမျိုးခြားများ၊ ဘုရင်များ​နှင့် အစ္စရေးလူမျိုးတို့​ရှေ့​တွင် ငါ့​အကြောင်း​ကို ပြောကြား​ရန် ငါ​ရွေးကောက်ထားသော တန်ဆာပလာ​ဖြစ်၏။


ကျွန်ုပ်တို့​သည် ထို​သားတော်​အားဖြင့် တမန်တော်​ဖြစ်ခြင်း အခွင့်ထူး​ကို ရရှိကြ၏။ ဤသည်​မှာ ထို​သခင်​၏ နာမတော်​အတွက် ယုံကြည်ခြင်း​ကြောင့် ဖြစ်လာသော နာခံခြင်း​အကြောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထဲတွင် ဟောပြော​ရန် ဖြစ်၏။


လူမျိုးခြား​ဖြစ်သော သင်တို့​ကို ကျွန်ုပ်​ပြောမည်။ ကျွန်ုပ်​သည် လူမျိုးခြားတို့​၏ တမန်တော်​ဖြစ်သည့်​အလျောက် ထို​ရာထူး​ကို ဂုဏ်ယူ​လျက်


ထို​အခွင့်ထူး​မှာ လူမျိုးခြားတို့​ထံ ယေရှု​ခရစ်တော်​၏ အမှုတော်​ကို ထမ်းဆောင်ရခြင်း​အခွင့် ဖြစ်၏။ လူမျိုးခြားတို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​အားဖြင့် ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်းသည့် နှစ်သက်ဖွယ်​ပူဇော်စရာ​ကဲ့သို့ ဖြစ်လာ​ရန် ကျွန်ုပ်​သည် ယဇ်ပုရောဟိတ်​တာဝန်​ကို ထမ်းဆောင်​လျက် ဘုရားသခင်​၏ သတင်းကောင်း​ကို ဟော၏။


လူမျိုးခြားတို့​သည်လည်း ယုံကြည်​၍ နာခံလာ​စေရန် ပရောဖက်များ​ကြိုတင်​ဟောပြောထားသည့်​အတိုင်း ထာဝရ​ဘုရားသခင်​၏ အမိန့်တော်​အားဖြင့် ယခု​အချိန်​တွင် ထို​သတင်းကောင်း​ကို လူမျိုးခြား​အပေါင်းတို့​ထံ ဖော်ပြလေပြီ။


ဘုရားသခင်​သည် မိမိ​၏ လျှို့ဝှက်​နက်နဲသော အကြံအစည်​ကို ဗျာဒိတ်တော်​ဖြင့် ကျွန်ုပ်​ကို ဖော်ပြတော်မူကြောင်း အထက်ပါ​အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။


ထို့ကြောင့် လူမျိုးခြားတို့​ကို ယုံကြည်ခြင်း​နှင့် သမ္မာတရား​အကြောင်း သင်ကြား​ရန် ကျွန်ုပ်​သည် တရားဟောဆရာ​အဖြစ်​လည်းကောင်း၊ တမန်တော်​အဖြစ်​လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်​သည် မလိမ်ညာဘဲ အမှန်​အတိုင်း​သာ ပြောဆိုခြင်း​ဖြစ်၏။


ဤ​သတင်းကောင်း​အတွက် တရားဟောဆရာ၊ တမန်တော်​နှင့် ဆရာ​အဖြစ် ကျွန်ုပ်​ကို ခန့်ထားတော်မူပြီ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos