တမန်တော်ဝတ္ထု 16:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။ Ver CapítuloCommon Language Bible15 သူနှင့်တကွအိမ်သူအိမ်သားတို့သည်ဗတ္တိဇံ မင်္ဂလာခံယူကြ၏။ ထိုနောက်လုဒိက ``ကျွန်မ သည်သခင်ဘုရားကိုအကယ်ပင်ယုံကြည်သူ ဖြစ်သည်ဟု သင်တို့လက်ခံပါလျှင်ကျွန်မ၏ အိမ်သို့လာရောက်တည်းခိုကြပါ'' ဟုကျွန်ုပ် တို့အားဖျောင်းဖျလေသည်။ Ver CapítuloGarrad Bible15 အိမ် သူ အိမ် သား တို့ ပါ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ပြီး နောက် အ ရှင် ဘု ရား ကို မု ချ ယုံ ကြည် သည် ဟူ၍ မှတ် ယူ ကြ လျှင် တ ပည့် တော် မ အိမ် သို့ လာ ရောက် တည်း ခို ကြ ပါ ဟု အား ကြီး စွာ ပင့် ခေါ် လျက် ငါ တို့ ကို နေ စေ၏။ Ver CapítuloJudson Bible15 ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း15 သူသည် မိမိအိမ်သူအိမ်သားများနှင့်အတူ ဗတ္တိဇံခံပြီးသောအခါ “ကျွန်မသည် သခင်ဘုရားကိုယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်တည်းခိုကြပါ”ဟု တောင်းပန်လျက် ငါတို့ကိုမရအရဖိတ်ခေါ်လေ၏။ Ver Capítulo |
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။