တမန်တော်ဝတ္ထု 16:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း14 သွာတိရမြို့မှ ဘုရားသခင်ကို ကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည် ကျွန်ုပ်တို့ပြောသောအရာများကို နားထောင်လျက်နေ၏။ သူသည် ခရမ်းရောင်အထည်များကို ရောင်းသောသူဖြစ်၏။ ပေါလုဟောပြောသော စကားများကို အာရုံစိုက်နားထောင်ရန်အတွက် သူ၏စိတ်နှလုံးကို ဘုရားသခင်သည် ဖွင့်ပေးတော်မူ၏။ Ver CapítuloCommon Language Bible14 ထိုသူတို့အထဲတွင်သွာတိရဲမြို့သူ၊ ကမ္ဗလာ နီအထည်ကုန်သည်လုဒိနာမည်ရှိအမျိုး သမီးတစ်ယောက်ပါ၏။ သူသည်ဘုရားသခင် အားကိုးကွယ်သူတစ်ဦးဖြစ်၏။ သခင်ဘုရား သည်ပေါလုဟောပြောလျက်နေသောတရား စကားများကိုအာရုံစိုက်စေရန် ထိုအမျိုး သမီး၏စိတ်နှလုံးကိုပြုပြင်တော်မူ၏။- Ver CapítuloGarrad Bible14 ဘု ရား သ ခင် ကို ကြည် ညို သော သွာ တိ ရ မြို့ သူ က မ္ပ လာ နီ အ ထည် သည် လု ဒိ ခေါ် မိန်း မ တစ် ယောက် သည် ကြား နာ၍ အ ရှင် ဘု ရား ပြု ပြင် တော် မူ သည့် အ တိုင်း ပေါ လု ဟော ပြော ရာ များ ကို အ လေး ဂ ရု ပြု ပြီး လျှင်၊ Ver CapítuloJudson Bible14 ထိုအခါ နီမောင်းသောအထည်အလိပ်ကို ရောင်းသော သွာတိရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း14 သွာတိရမြို့မှ ခရမ်းရောင်အထည်ကုန်သည်ဖြစ်ပြီး ဘုရားသခင်ကိုကိုးကွယ်သော လုဒိအမည်ရှိ အမျိုးသမီးတစ်ဦးသည်လည်း နားထောင်နေ၏။ ပေါလုဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင်ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။ Ver Capítulo |