တမန်တော်ဝတ္ထု 14:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း15 “မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။ Ver CapítuloCommon Language Bible15 အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။- Ver CapítuloGarrad Bible15 အ ချင်း တို့၊ မည် သို့ ပြု ဘိ သ နည်း။ ငါ တို့ သည် သင် တို့ နှင့် ဇာ တိ တူ လူ ဖြစ် လျက် ဤ အ န တ္တ ဘု ရား များ ကို သင် တို့ ပယ် ပြီး လျှင် မိုး မြေ ရေ နှင့် ပါ ရှိ သ မျှ ကို ဖန် ဆင်း၍ အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် အ ထံ တော် သို့ လှည့် ဝင် ကြ စေ ရန် သ တင်း တော် မြတ် ကို ဟော ပြော သူ များ ဖြစ် ကြ၏။ Ver CapítuloJudson Bible15 အချင်းလူတို့၊ အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်ပါ၏။ သင်တို့သည် ဤအချည်းနှီးသောအရာတို့ကို ပယ်ကြ၍၊ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း15 “မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။ Ver Capítulo |
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။