တမန်တော်ဝတ္ထု 11:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 ဗာနဗရောက်လာပြီး ဘုရားသခင်၏ကျေးဇူးတော်ကို မြင်တွေ့ရသောအခါ ဝမ်းမြောက်ပျော်ရွှင်၍ ထိုသူတို့အားလုံးကို ခိုင်မြဲသောစိတ်နှလုံးဖြင့် ယေရှုခရစ်တော်အား ဆက်လက်ဆည်းကပ်ရန် တိုက်တွန်းလေ၏။ Ver CapítuloCommon Language Bible23 သူသည်ထိုမြို့သို့ရောက်၍လူတို့အား ဘုရား သခင်အဘယ်သို့ကောင်းချီးပေးတော်မူသည် ကိုမြင်သောအခါ ရွှင်လန်းဝမ်းမြောက်သဖြင့် သခင်ဘုရားအားစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစား၍ သစ္စာစောင့်ကြရန်တိုက် တွန်းနှိုးဆော်လေသည်။- Ver CapítuloGarrad Bible23-24 ဘု ရား သ ခင့် ကျေး ဇူး တော် ကို မြင် သည့် ကာ လ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း၊ ယုံ ကြည် ခြင်း နှင့်လည်း ကောင်း ပြည့် သော သူ တော် ကောင်း ဖြစ် သည် နှင့် အ ညီ အား ရ ဝမ်း မြောက် လျက်၊ အ ရှင် ဘု ရား ကို စိတ် ပါ ကိုယ် ရောက် ဆည်း ကပ် ကြ စေ ရန် ရှိ သ မျှ တို့ အား တိုက် တွန်း နှိုး ဆော် ကြ သည့် အ လျောက် အ ရှင် ဘု ရား ထံ လူ အ များ ထပ် ဝင် ကြ၏။ Ver CapítuloJudson Bible23 ထိုသူသည် ရောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည် ယုံကြည်သောစိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည်အကြောင်း တိုက်တွန်း နှိုးဆော်လေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း23 ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။ Ver Capítulo |
သစ္စာရှိသောညီအစ်ကိုဟု ကျွန်ုပ်မှတ်ယူသော သိလွာနု၏အကူအညီဖြင့် သင်တို့ထံ စာကို အကျဉ်းချုံး၍ ရေးလိုက်၏။ အကြောင်းအရာမှာ သင်တို့အား တိုက်တွန်းနှိုးဆော်ရန်နှင့် ကျွန်ုပ်ရေးလိုက်သောအရာတို့သည် ဘုရားသခင်၏ စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံရန်ဖြစ်၏။ ထိုကျေးဇူးတော်တွင် ခိုင်မြဲစွာ ရပ်တည်ကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားတရားမဲ့သူတချို့သည် သင်တို့ထံသို့ တိတ်တဆိတ် ခိုးဝင်လာကြသောကြောင့်ဖြစ်၏။ ထိုသူတို့မှာ ပြစ်ဒဏ်စီရင်ခံရမည်ဟု ရှေးယခင်ကတည်းက သတ်မှတ်ထားခြင်းခံရသူများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့ဘုရားသခင်၏ ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအတွက် အခွင့်အရေးအဖြစ် အလွဲသုံးစားလုပ်၍ ကျွန်ုပ်တို့၏တစ်ပါးတည်းသောအရှင်၊ သခင် ယေရှုခရစ်တော်ကို ငြင်းပယ်ကြ၏။