တမန်တော်ဝတ္ထု 1:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။ Ver CapítuloCommon Language Bible9 ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။ Ver CapítuloGarrad Bible9 တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။ Ver CapítuloJudson Bible9 တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း9 ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။ Ver Capítulo |
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။