ကောလောသဲ 1:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာလိုက်သော ကောလောသဲမြို့သား ယုံကြည်သူများထံသို့ ပို့လိုက်သောစာ ဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ Ver CapítuloCommon Language Bible2 ကောလောသဲမြို့ရှိဘုရားသခင်၏လူစုတော် ဝင်များဖြစ်သူ၊ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်လျက်ခရစ်တော်ကိုသစ္စာရှိသူညီ အစ်ကိုများထံသို့စာရေးလိုက်ပါသည်။ သင် တို့သည်ငါတို့အဖဘုရားသခင်ထံတော် မှကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ကြရပါစေသော။ Ver CapítuloGarrad Bible2 ကော လော သဲ မြို့ ရှိ သီး သန့် ထား တော် မူ သူ၊ ခ ရစ် တော်၌ သ စ္စာ ရှိ သော ညီ အစ် ကို တို့ ထံ ရေး လိုက် သည် မှာ ငါ တို့ အ ဘ ဘု ရား သ ခင့် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။ Ver CapítuloJudson Bible2 ကောလောသဲမြို့၌နေသော သန့်ရှင်းသူတည်းဟူသော၊ ခရစ်တော်ကို ယုံကြည်သောညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း2 ကောလောသဲမြို့တွင်နေကြသည့် သန့်ရှင်းသူများတည်းဟူသော ခရစ်တော်၌ရှိသောသစ္စာရှိသည့်ညီအစ်ကိုများထံသို့ စာရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ Ver Capítulo |
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။