ကောလောသဲ 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က Ver CapítuloCommon Language Bible1 ဘုရားသခင်၏အလိုတော်နှင့်အညီခရစ် တော်ယေရှု၏တမန်တော်ဖြစ်သူ ငါပေါလု နှင့်ငါတို့၏ညီတိမောသေထံမှ၊- Ver CapítuloGarrad Bible1 ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ဖြစ် သော ပေါ လု နှင့် ညီ အစ် ကို တိ မော သေ တို့ က၊ Ver CapítuloJudson Bible1 ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊- Ver Capítuloမြန်မာ့စံမီသမ္မာကျမ်း1 ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် Ver Capítulo |
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်ပေါလု၊ သိလွာနုနှင့် တိမောသေတို့က အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့နှင့် တပေါင်းတစည်းတည်းဖြစ်သော သက်သာလောနိတ်အသင်းတော်ထံသို့ ပို့လိုက်သော စာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။