ထို့နောက်တွင် အိမ်ရှင်မုဆိုးမ၏သားသည် နာမကျန်းဖြစ်၍ ဝေဒနာပြင်းထန်သဖြင့် သေဆုံးလေ၏။
၄ ရာ 4:32 - မြန်မာ့စံမီသမ္မာကျမ်း အိမ်ထဲသို့ ဧလိရှဲရောက်သောအခါ ခုတင်ပေါ်တွင် သူငယ်လဲလျောင်းသေဆုံးနေသည်ကို တွေ့ရ၏။ Common Language Bible ဧလိရှဲသည်အိမ်သို့ရောက်သောအခါတစ်ကိုယ် တည်းအခန်းထဲသို့ဝင်၍ ကုတင်ပေါ်တွင်သေနေ သောသူငယ်ကိုတွေ့လေ၏။- Garrad Bible ဧ လိ ရှဲ သည် အိမ် သို့ ရောက် သော် ကိုယ့် ခု တင် ပေါ် တွင် သူ ငယ် သေ လျက် နေ သည် ကို တွေ့ လျှင် Judson Bible ဧလိရှဲသည် အိမ်သို့ရောက်သောအခါ၊ သူငယ်သေလျက်၊ မိမိခုတင်ပေါ်မှာ တင်ထားလျက်ရှိသည်ကို တွေ့သဖြင့်၊ |
ထို့နောက်တွင် အိမ်ရှင်မုဆိုးမ၏သားသည် နာမကျန်းဖြစ်၍ ဝေဒနာပြင်းထန်သဖြင့် သေဆုံးလေ၏။
ထိုအခါ သူငယ်၏မိခင်သည် အထက်ခန်းသို့တက်သွား၍သူငယ်ကို ဘုရားသခင့်လူ၏ခုတင်ပေါ်တွင် ချထားခဲ့ကာ တံခါးပိတ်ပြီး ပြန်ဆင်းသွား၏။
ဂေဟာဇိသည် သူတို့အလျင်သွားနှင့်ပြီး သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကိုတင်ထား၏။ သို့သော် သူငယ်ထံမှ မည်သည့်အသံမျှ မထွက်၊ မည်သည့်တုံ့ပြန်မှုမျှ မရှိ။ ထို့ကြောင့် ဂေဟာဇိက ဧလိရှဲကို ပြန်လာကြိုပြီး “သူငယ် မနိုးပါ”ဟု ဆို၏။
ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။
ယေရှုရောက်တော်မူသောအခါ လာဇရုကို ဂူသွင်းသင်္ဂြိုဟ်ပြီး လေးရက်ပင်ရှိပြီဖြစ်ကြောင်းကို တွေ့ရှိတော်မူ၏။