La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၄ ရာ 14:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး အနိစ္စရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။

Ver Capítulo

Common Language Bible

ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။-

Ver Capítulo

Garrad Bible

ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင် ကွယ် လွန် ပြီး နောက်၊ ယော ရှ မင်း သား တော်၊ ယုဒ ဘု ရင် အာ မ ဇိ မင်း သည် စည်း စိမ် တော် ဆယ့် ငါး နှစ် ခံ စား ရ သေး ၏။

Ver Capítulo

Judson Bible

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သည်​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။

Ver Capítulo



၄ ရာ 14:17
7 Referencias Cruzadas  

ယုဒ​ဘုရင်​ယောရှ​မင်းကြီး နန်းစံ​သုံးဆယ့်​ခုနစ်​နှစ်​တွင် ယောခတ်​မင်းကြီး​၏​သား​တော်​ယဟောရှ​သည် အစ္စရေး​ပြည်​တွင် နန်းတက်​၍ ရှမာရိ​မြို့​တွင် တစ်ဆယ့်​ခြောက်​နှစ် စိုးစံ​၏​။


ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။


ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။


အစ္စရေး​ဘုရင်​ယေရောဗောင်​မင်းကြီး နန်းစံ​နှစ်ဆယ့်​ခုနစ်​နှစ်​တွင် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​၏​သား​တော်​အာဇရိ နန်းတက်​၏​။