La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၄ ရာ 1:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှင်ဘုရင်​က​လည်း “​သင်​တို့​နှင့်​လာ​တွေ့​ပြီး ဤသို့​ပြောဆို​သော​သူ​ကား မည်သို့​သော​သူ​နည်း​”​ဟု မေး​၏​။

Ver Capítulo

Common Language Bible

မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။

Ver Capítulo

Garrad Bible

ဘု ရင် မင်း က၊ ထို သို့ လာ ရောက် တွေ့ ဆုံ ပြော ဆို သူ ကား မည် သို့ သော သူ နည်း ဟု မေး လျှင်

Ver Capítulo

Judson Bible

ရှင်​ဘု​ရင်​က​လည်း၊ သင်​တို့​ကို​ကြို​ဆို​ခြင်း​ငှာ လာ၍ ဤ​သို့​ပြော​သော​သူ​ကား အ​ဘယ်​သို့​သော​သူ​နည်း​ဟု မေး​လျှင်၊

Ver Capítulo



၄ ရာ 1:7
4 Referencias Cruzadas  

တမန်​တို့​က​လည်း “​လူ​တစ်​ယောက်​က အကျွန်ုပ်​တို့​ကို လာ​တွေ့​ပြီး ‘​သင်​တို့​ကို​စေလွှတ်​လိုက်​သော ရှင်ဘုရင်​ထံ​ပြန်သွား​၍ သူ့​အား ထာဝရဘုရား​က ဧကြုန်​ဘုရား​ဗာလဇေဗုပ်​ကို သွား​မေး​စေ​သည်​မှာ အစ္စရေး​ပြည်​၌ ဘုရားသခင် မ​ရှိ​သလော​။ ထို့ကြောင့် သင်​လဲလျောင်း​ရာ​သလွန်​မှ ပြန်ထ​ရ​မည်​မ​ဟုတ်​။ သင်​မုချ​သေ​ရ​မည်​ဟု မိန့်​တော်မူ​ကြောင်း ပြန်လျှောက်​လော့​’​ဟူ၍ ဆို​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။


သူ​တို့​က​လည်း “​သူ​သည် အမွေးထူ​၍ ခါး​၌ သားရေ​ခါးပတ်​ကို ပတ်ထား​ပါ​၏​”​ဟု ပြန်လျှောက်​ကြ​လျှင် ရှင်ဘုရင်​က “​သူ​သည် တိရှဘိ​မြို့သား ဧလိယ ဖြစ်​၏​”​ဟု မိန့်ဆို​၏​။


ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။


ရှောလု​မင်းကြီး​က​လည်း “​မည်သည့်​ပုံစံ ရှိ​သနည်း​”​ဟု မေး​လျှင် သူ​က “​ဝတ်လုံ​ဝတ်​ထား​သော​အဖိုးအို​တစ်​ဦး တက်လာ​ပါ​၏​”​ဟု ဆို​၏​။ ထို​သူ​သည် ရှမွေလ ဖြစ်ကြောင်း ရှောလု​မင်းကြီး သိ​သဖြင့် မြေကြီး​ပေါ် ပျပ်ဝပ်​လျက် ရှိခိုး​လေ​၏​။