သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
၃ ရာ 22:52 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ ခမည်းတော်လျှောက်သောလမ်းအတိုင်း၊ မယ်တော်လျှောက်သောလမ်းအတိုင်း၊ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ Common Language Bible သူသည်ခမည်းတော်အာဟပ်နှင့်မယ်တော်ယေဇ ဗေလ၏စံနမူနာကိုလည်းကောင်း၊ ဣသရေလ ပြည်သူတို့အားအပြစ်ကူးစေရန် ရှေ့ဆောင် လမ်းပြခဲ့သူ ယေရောဗောင်မင်း၏စံနမူနာ ကိုလည်းကောင်းယူ၍၊- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ခ မည်း တော် မယ် တော် တို့ နည်း လမ်း ဣ သ ရေ လ အ မျိုး ကို ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင့် နည်း လမ်း များ အ လျောက် လိုက် လျှောက် ၍ Judson Bible ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်လိုက်သော လမ်းသို့ လိုက်လေ၏။ |
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြုပြီး ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်လျက် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
သူသည်လည်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကိုပြုပြီး ယေရောဗောင်မင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၍ အစ္စရေးလူမျိုးကို လမ်းမှားစေသောအပြစ်မျိုးကို ပြုလေ၏။
အကယ်စင်စစ် အာဟပ်မင်းကြီးကဲ့သို့မိဖုရားယေဇဗေလ၏သွေးဆောင်မှုနောက်သို့လိုက်ပါသွားပြီး ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် မိမိကိုယ်ကိုရောင်းစားသောသူ တစ်ယောက်မျှမရှိ။
အာဟပ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သို့သော် အစ္စရေးလူမျိုးကို လမ်းမှားစေသော နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်မျိုးကို မစွန့်ဘဲ ပြုကျင့်ခဲ့၏။
သူသည် အာဟပ်မင်းကြီး၏သမက်တော်ဖြစ်သည်နှင့်အညီ အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။ အာဟပ်မင်းမျိုးမင်းနွယ်ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကို ပြု၏။
ယဟောရံမင်းကြီးသည် ယေဟုနှင့်တွေ့လျှင် “ယေဟု၊ ငြိမ်းချမ်းပါ၏လော”ဟုမေးသော် ယေဟုက “မင်းကြီး၏မယ်တော်ယေဇဗေလက ပြည့်တန်ဆာလုပ်သောအမှုနှင့် မှော်အတတ်များစွာကို လိုက်စားနေသရွေ့ မည်သို့ငြိမ်းချမ်းနိုင်မည်နည်း”ဟု ပြန်ပြော၏။
သူ၏မယ်တော်သည် ဆိုးယုတ်သောအကြံများကိုသာ ပေးသောကြောင့် သူသည် အာဟပ်မင်းမျိုးမင်းနွယ်လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။
ထိုအခါ မိန်းကလေးသည်ထွက်သွား၍ “မည်သည့်အရာကို တောင်းရပါမည်နည်း”ဟု မိမိ၏မိခင်အားမေးလေရာ မိခင်က “ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်း”ဟု ဆို၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ မည်သူမဆို ငါ့အသံကိုကြား၍ တံခါးကိုဖွင့်လျှင် ထိုသူရှိရာသို့ ငါဝင်ပြီး သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစားသောက်ရလိမ့်မည်။