၃ ရာ 20:32 - မြန်မာ့စံမီသမ္မာကျမ်း
သူတို့သည် ခါးတွင် လျှော်တေအဝတ်ကိုပတ်၍ ခေါင်းတွင်လည်းကြိုးကိုပတ်ပြီးလျှင် အစ္စရေးဘုရင်ထံသို့သွား၍ “အရှင့်အစေအပါးဗင်္ဟာဒဒ်က ‘ယခု အကျွန်ုပ်ကို အသက်ချမ်းသာပေးပါ’ဟု အသနားခံလိုက်ပါ၏”ဟု လျှောက်တင်၏။ ရှင်ဘုရင်က “ငါ့နောင်တော် အသက်ရှင်သေးသလော”ဟု ဆိုလျှင်
Ver Capítulo
ထို့နောက်သူတို့သည်ခါးတွင်လျှော်တေစည်း၍ လည်တွင်ကြိုးများပတ်ပြီးလျှင် အာဟပ်မင်း ထံသို့သွားရောက်ကာ``အရှင်၏အစေခံဗင်္ဟာ ဒဒ်ကသူ၏အသက်ကိုချမ်းသာပေးတော် မူရန်ပန်ကြားလိုက်ပါသည်'' ဟုလျှောက် ထားကြ၏။ အာဟပ်က``ငါ့နောင်တော်အသက်ရှင်သေး သလော'' ဟုဆို၏။
Ver Capítulo
လျှော် တေ ဝတ် လျက် လည် တွင် ကြိုး ကွင်း စွပ် လျက် ဣ သ ရေ လ ဘု ရင့် ထံ တိုး လျှိုး ပြီး လျှင် ကိုယ် တော် ကျွန် ဗင်္ဟာ ဒဒ် က အ သက် ကို ချမ်း သာ ပေး တော် မူ ပါ ဟု တောင်း ပန် ကြောင်း နှင့် လျှောက် တင် ကြ သော်၊ ငါ့ နောင် တော် အ သက် ရှင် သေး သ လော ဟု မေး ရာ
Ver Capítulo
လျှော်တေအဝတ်ကို ဝတ်၍၊ ခေါင်းပေါ်မှာ ကြိုးကိုရွက်လျက်၊ ဣသရေလရှင်ဘုရင်ထံသို့ရောက်လျှင်၊ ကိုယ်တော်ကျွန်ဗင်္ဟာဒဒ်က၊ ကျွန်တော်အသက်ကို ချမ်းသာပေးတော်မူပါဟု တောင်းပန်ကြောင်းကို လျှောက်ကြသော်၊ အာဟပ်မင်းက၊ ငါ့အစ်ကိုသည် အသက်ရှင်သေးသလောဟု မေး၏။
Ver Capítulo