ဒါဝိဒ်မင်းကြီးသည် သူအသက်ရှင်သမျှကာလပတ်လုံး ဟိတ္တိလူမျိုး ဥရိယအမှုမှလွဲ၍ မိန့်မှာတော်မူသမျှတို့ကို တစ်စုံတစ်ရာမျှမလွဲဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်ခဲ့၏။
အဘယ်ကြောင့်ဆိုသော်ဒါဝိဒ်သည် ဘုရားသခင် နှစ်သက်တော်မူသည့်အမှုတို့ကိုသာလျှင်ပြုခဲ့ သောကြောင့်ဖြစ်၏။ မင်းကြီးသည်ဟိတ္တိအမျိုးသား ဥရိယ၏အမှုကိစ္စမှတစ်ပါး အခြားအဘယ် အခါ၌မျှကိုယ်တော်၏အမိန့်တော်ကိုလွန်ဆန် ခဲ့ခြင်းမရှိပေ။-
အကြောင်းမူကား၊ ဒါဝိဒ်သည် ဟိတ္တိအမျိုး ဥရိယအမှုကိုထားလျှင်၊ တစ်သက်လုံး ထာဝရဘုရားမှာထားတော်မူသော အမှုတစ်စုံတစ်ခုကိုမျှ မရှောင်၊ ရှေ့တော်၌ တရားသဖြင့် ကျင့်သောအကြောင်းတည်း။
နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးမင်းနွယ်လက်ထဲမှ ရုပ်သိမ်းပြီး သင့်ကို ပေးအပ်ခဲ့၏။ သို့သော် ငါ့အစေအပါးဒါဝိဒ်ကဲ့သို့ သင်မပြု။ သူသည် ပညတ်တရားတို့ကို စောင့်ထိန်း၍ ငါ့နောက်သို့ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်ပြီး ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
အဘိယံမင်းကြီးသည် သူ့အရင်ခမည်းတော်လျှောက်ခဲ့သည့်အပြစ်လမ်းအတိုင်း လိုက်လျှောက်၏။ သူ၏ဘေးတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားခြင်းမရှိ။
ရှောလမုန်မင်းကြီးသည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်မင်းကြီး၏သွန်သင်ချက်အတိုင်း လိုက်လျှောက်သော်လည်း အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ပူဇော်လေ့ရှိသေး၏။
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
သူသည် ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။ သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီး လျှောက်ခဲ့သောလမ်းအတိုင်း လက်ယာလက်ဝဲမယိမ်းဘဲ လိုက်လျှောက်၏။
ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်တော်မူသောကြောင့် အကျွန်ုပ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့မှ ဖယ်ခွာမသွားပါ။
ထိုအခါ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို ကြည့်ရှုဆင်ခြင်သဖြင့် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ရှောလုကိုဖယ်ရှားပြီးနောက် ဒါဝိဒ်အား သူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူလျက် သူနှင့်ပတ်သက်၍ သက်သေခံသည်ကား ‘ငါ၏စိတ်နှင့်တွေ့သူ၊ ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီ။ သူသည် ငါ၏အလိုရှိသမျှကို ဆောင်ရွက်လိမ့်မည်’ဟု မိန့်တော်မူ၏။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
ထိုသို့ပြုလျှင် မိမိညီအစ်ကိုတို့အပေါ် မာနထောင်လွှားသောစိတ်ရှိမည်မဟုတ်၊ ပညတ်တရားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့လမ်းလွဲမည်မဟုတ်၊ သူနှင့်သူ၏သားမြေးတို့သည်လည်း အစ္စရေးလူမျိုးတို့အလယ်၌ တိုင်းပြည်ကို ကာလကြာရှည်စွာ အုပ်စိုးရလိမ့်မည်။
သခင့်ကျွန်မ၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ သခင်သည် ထာဝရဘုရားအဖို့ စစ်တိုက်သောသူဖြစ်ပါ၏။ သခင်အသက်ရှင်သမျှကာလပတ်လုံး သခင်၌ မည်သည့်မကောင်းမှုကိုမျှ မတွေ့ရပါ။ သို့ဖြစ်၍ထာဝရဘုရားသည် အကျွန်ုပ်သခင်၏အမျိုးအနွယ်ကို တည်မြဲစေတော်မူပါစေသော။