သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။
၂ ရာချုပ် 33:19 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ဆုတောင်းချက်၊ သူ့ကိုဘုရားသခင်နားညောင်းတော်မူခြင်း၊ မိမိကိုယ်ကို မနှိမ့်ချမီ သူသစ္စာမဲ့၍ပြုမိခဲ့သောအပြစ်အားလုံး၊ အထွတ်အမြတ်ထားရာနေရာများတည်ခြင်း၊ အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုများစိုက်ထူခြင်း စသည်တို့ကို ဟောဇဲ၏မှတ်တမ်းတွင် ရေးမှတ်ထားလျက်ရှိ၏။ Common Language Bible မင်းကြီး၏ဆုတောင်းပတ္ထနာနှင့်ထာဝရဘုရား နားညောင်းတော်မူပုံ၊ သူကူးလွန်သည့်အပြစ် ဒုစရိုက်များနှင့်မကောင်းမှုများ၊ သူတည် ဆောက်ခဲ့သည့်ရုပ်တုကိုးကွယ်ရာဌာနများ နှင့်တည်လုပ်ခဲ့သည့် အာရှရဘုရားမ၏ တံခွန်တိုင်များနှင့်သူဝတ်ပြုကိုးကွယ်သည့် ရုပ်တုများအကြောင်းကို ပရောဖက်များ ၏အတ္ထုပ္ပတ္တိတွင်အကုန်အစင်မှတ်တမ်း တင်ထားသတည်း။- Garrad Bible ဆို ခဲ့ သော ပ ဌ နာ ပြု ချက်၊ နား ညောင်း တော် မူ ချက် များ ပြင်၊ စိတ် မ နှိမ့် ချ မီ သ စ္စာ တော် ကို ဖောက် ကျော်၍ ပြစ် မှား ချက် များ၊ မြင့် ရာ ဌာ န မှ စ သော တံ ခွန် တိုင် နှင့် ရုပ် တု များ ကို တည် လုပ် ခဲ့ သော အ ရပ် များ သည်၊ ဆ ရာ တော် တို့ အ တ္ထု ပ္ပ တ္တိ တွင် တင် သွင်း လျက် ရှိ ၏။ Judson Bible သူဆုတောင်းခြင်း၊ ဘုရားသခင်နားထောင်တော်မူခြင်း၊ အမှုမရောက်မီ ပြစ်မှားလွန်ကျူးခြင်း၊ မြင့်သောအရပ်တို့ကို တည်ခြင်း၊ အာရှရပင်နှင့် ရုပ်တုဆင်းတုတို့ကို တည်ထောင်ခြင်းအရာတို့သည်၊ ဟောဇဲ၏ကျမ်းစကားတွင် ရေးထားလျက်ရှိ၏။ |
သို့သော် အာရှာနယ်၊ မနာရှေနယ်နှင့်ဇာဗုလုန်နယ်မှ လူအချို့တို့သည် မိမိကိုယ်ကိုနှိမ့်ချ၍ ဂျေရုဆလင်မြို့သို့ရောက်လာကြ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို သူ့နန်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ခမည်းတော်မနာရှေမင်းကြီးသည် မိမိကိုယ်ကိုနှိမ့်ချခဲ့သော်လည်း အာမုန်မင်းကြီးမူကား ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုမနှိမ့်ချခဲ့သည်သာမက ပို၍ပင်အပြစ်ပြုသေး၏။
သူသည် သူ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို ဆင့်ဆိုသောပရောဖက်ယေရမိရှေ့တွင် မိမိကိုယ်ကိုနှိမ့်ချခြင်းမရှိ။
အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။
ဒုက္ခဝေဒနာခံစားရခြင်းသည် အကျွန်ုပ်အတွက် ကောင်းပါ၏။ သို့မှ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်သင်ယူနိုင်မည်။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
သင်သည် သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်ပစ်၍ သူတို့၏ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲရမည်။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ရှင်ဘုရင်နှင့်မယ်တော်အား “သင်တို့၏ဘုန်းသရဖူသည် သင်တို့၏ခေါင်းမှ ပြုတ်ကျပြီဖြစ်၍ နိမ့်ကျသောနေရာ၌ ထိုင်လော့”ဟု ပြောလော့။
ယနေ့တိုင်အောင် သူတို့သည် နှိမ့်ချသောစိတ်၊ ကြောက်ရွံ့သောစိတ် မရှိကြ။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ငါချမှတ်ပေးထားသောပညတ်တရားနှင့် ပြဋ္ဌာန်းချက်များကို သူတို့မလိုက်လျှောက်ကြ’ဟု မိန့်တော်မူ၏။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
သို့သော် သူ၏သားတော်ဖြစ်သူ အရှင်ဗေလရှာဇာ၊ သင်သည် ထိုအမှုအလုံးစုံကို သိလျက်ပင် စိတ်နှလုံးမနှိမ့်ချဘဲ
သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
ထို့ပြင် ဆုကျေးဇူးသည် တစ်ယောက်သောသူက အပြစ်ပြုသောကြောင့် ဖြစ်လာသည့်အရာကဲ့သို့မဟုတ်ပေ။ အကြောင်းမူကား ကျူးလွန်သောအပြစ်တစ်ခုကြောင့်ဖြစ်လာသည့် တရားစီရင်ခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းသို့ရောက်စေ၏။ သို့သော် ကျူးလွန်သောအပြစ်များစွာကြောင့်ဖြစ်လာသည့် ဆုကျေးဇူးမူကား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းသို့ရောက်စေ၏။
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။