ထိုသို့ အစုလိုက် စုပုံထားသောအလှူပစ္စည်းများကို တတိယလတွင် စတင်စုသိမ်းရာ သတ္တမလရောက်မှ ပြီးစီးလေ၏။
ထိုလှူဖွယ်ပစ္စည်းများသည်တတိယလမှ အစပြု၍ နောက်လေးလတိုင်တိုင်ဆက်လက် ရောက်ရှိလာကာစုပုံလျက်နေလေ၏။-
တ တိ ယ လ အ စ ပြု၍၊ သ တ္တ မ လ တိုင် သော် ပြီး စီး ကြ သ တည်း။
တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။
ယုဒမြို့ရွာတို့တွင်နေထိုင်သော အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည်လည်း သိုးနွားဆိုင်ရာဆယ်ဖို့တစ်ဖို့၊ မိမိတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဆက်ကပ်ထားသောသန့်ရှင်းသောအလှူပစ္စည်းဆယ်ဖို့တစ်ဖို့တို့ကို ယူဆောင်လာပြီး အစုလိုက် အစုလိုက် စုပုံထားကြ၏။
ဟေဇကိမင်းကြီးနှင့်မှူးမတ်တို့ ရောက်လာ၍ စုပုံထားသောအလှူပစ္စည်းများကိုတွေ့လျှင် ထာဝရဘုရားနှင့် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကို ချီးမွမ်းထောမနာပြုလေ၏။