၂ ရာချုပ် 29:14 - မြန်မာ့စံမီသမ္မာကျမ်း ဟေမန်သားမြေးတို့မှ ယေဟေလနှင့်ရှိမိ၊ ယေဒုသုန်သားမြေးတို့မှ ရှေမာယနှင့်ဩဇေလ တို့သည် Garrad Bible ဟေ မန့် ဂိုဏ်း သား ယေ ဟေ လ နှင့် ရှိ မိ၊ ယေ ဒု သုန် ဂိုဏ်း သား ရှေ မာ ယ နှင့် ဩ ဇ လ တို့ သည်၊ Judson Bible ဟေမန်အမျိုးသား ယေဟေလနှင့် ရှိမိ၊ ယေဒုသုန်အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊ |
ဒါဝိဒ်မင်းကြီးနှင့် မင်းမှုထမ်းအကြီးအကဲတို့သည် အမှုတော်မြတ်အတွက် စောင်းကောက်၊ စောင်းပြား၊ လင်းကွင်း တို့ကိုတီးခတ်၍ ပရောဖက်ပြုနိုင်ရန် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့၏သားများထဲမှအချို့ကို သီးသန့်ခွဲထား၏။ ဤသို့အမှုတော်ထမ်းရန် ခွဲထားသူတို့၏အမည်စာရင်းမှာ
ယေဒုသုန်သားမြေးတွင် ယေဒုသုန်၏သား ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ရှိမိ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်တို့သည် ဖခင်ယေဒုသုန်၏လက်အောက်တွင်နေရကြ၏။ သူတို့၏ဖခင်သည် စောင်းတီး၍ ထာဝရဘုရားကို ကျေးဇူးတင်ချီးမွမ်းကာ ပရောဖက်ပြုသောသူဖြစ်၏။
ဤသူအားလုံးတို့သည် ဖခင်လက်အောက်တွင်နေ၍ ထာဝရဘုရား၏အိမ်တော်၌ လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များဖြင့် သီဆိုတီးမှုတ်ရသောသူများဖြစ်၏။ အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့သည် ရှင်ဘုရင်၏လက်အောက်တွင် ဘုရားသခင်၏အိမ်တော်အမှုကိုထမ်းဆောင်ရ၏။
ဤသို့ အမှုတော်ကို ထမ်းဆောင်သောသူများနှင့် သူတို့၏သားမြေးများမှာ ဤသူတို့ဖြစ်၏။ ကောဟတ်၏သားမြေးများတွင် ဟေမန်သည် သီချင်းသည်ဖြစ်၏။ ဟေမန်သည် ယောလ၏သား၊ ယောလသည် ရှမွေလ၏သား ဖြစ်၏။
ညီအစ်ကိုချင်းတို့ကိုစုဝေးစေပြီး မိမိတို့ကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုစေကြ၏။ ထို့နောက် ထာဝရဘုရားမိန့်မှာထားသည်နှင့်အညီ ရှင်ဘုရင်၏အမိန့်တော်အတိုင်း သူတို့သည် သွား၍ ထာဝရဘုရား၏အိမ်တော်ကိုသန့်ရှင်းအောင်ပြုကြ၏။