La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၂ ရာ​ချုပ် 27:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​တောင်ပေါ်ဒေသ​တွင်​လည်း မြို့ရွာ​များ​ကို တည်​၏​။ တော​ထဲတွင်​လည်း ခံတပ်​များ​၊ မျှော်စင်​များ​ကို တည်​၏​။

Ver Capítulo

Common Language Bible

သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။

Ver Capítulo

Garrad Bible

ယု ဒ ခင် တန်း တွင် မြို့ ရွာ များ ကို လည်း ကောင်း၊ တော ကုန်း မြင့် တွင် ခံ တပ် များ နှင့် ရဲ တိုက် များ ကို လည်း ကောင်း၊ တည် ထား လေ ၏။

Ver Capítulo

Judson Bible

ယု​ဒ​တောင်​ရိုး​ပေါ်​မှာ မြို့​များ​ကို​လည်း​ကောင်း၊ တော၌ ရဲ​တိုက်​များ​နှင့် ပြ​အိုး​များ​ကို​လည်း​ကောင်း တည်​ထောင်​လေ၏။

Ver Capítulo



၂ ရာ​ချုပ် 27:4
7 Referencias Cruzadas  

အာသ​မင်းကြီး​က ယုဒ​လူမျိုး​တို့​အား “​ဤ​မြို့​တို့​ကို ငါ​တို့ တည်ဆောက်​ကြ​စို့​။ မြို့​ကို​ဝိုင်းရံ​ထား​သော​မြို့ရိုး​၊ ရဲတိုက်​များ​၊ တံခါး​များ​နှင့် ကန့်လန့်ကျင်​များ​ကို ဆောက်လုပ်​ကြ​စို့​။ ငါ​တို့​သည် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ရှာ​သောကြောင့် တိုင်းပြည်​သည် ငါ​တို့ လက်​ထဲ၌​ရှိ​လေ​ပြီ​။ ကိုယ်တော်​ကို ရှာ​သောကြောင့် ငါ​တို့​ဝန်းကျင်​၌ ငြိမ်းချမ်း​ခြင်း​ကို ပေး​တော်မူ​ပြီ​”​ဟု မိန့်ဆို​၏​။ ဤသို့ဖြင့် မြို့​များ​ကို​တည်ဆောက်​အောင်မြင်​လေ​၏​။


ဤသို့ဖြင့် ယောရှဖတ်​မင်းကြီး​သည် အင်အားကြီးသည်ထက်ကြီး​လာ​၏​။ ယုဒ​ပြည်​တွင် ခံတပ်​များ​၊ ပစ္စည်းသိုလှောင်ရာ​မြို့​များ​ကို တည်ဆောက်​၏​။


သူ​သည် အမ္မုန်​ဘုရင်​နှင့်​စစ်တိုက်​ရာ​တွင် အောင်​နိုင်​သောကြောင့် ထို​နှစ်​တွင် အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ငွေ​တာလန်​တစ်ရာ​၊ ဂျုံဆန်​ကောရ​တစ်သောင်း​၊ မုယောဆန်​ကောရ​တစ်သောင်း ဆက်ကြေး​ပေး​ရ​၏​။ ဒုတိယ​နှစ်​၊ တတိယ​နှစ်​တို့​တွင်​လည်း အမ္မုန်​အမျိုးသား​တို့​သည် သူ့​အား ထိုသို့​ပေး​ရ​၏​။


ထို​နေ့ရက်​များ​တွင် မာရိ​သည်​ထ​၍ တောင်​ပေါ်​ဒေသ​၌​ရှိ​သော ယုဒ​ပြည်​၏​မြို့​တစ်​မြို့​သို့ အလျင်အမြန်​သွား​၍