La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၂ ရာ 9:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခြေ​နှစ်ဖက်စလုံး​မသန်စွမ်း​သော မေဖိဗောရှက်​သည် ဂျေရုဆလင်​မြို့​တွင်​နေထိုင်​ပြီး ဘုရင်​၏​စားပွဲ​၌ အမြဲအတူ​စားသောက်​ခွင့်​ရ​လေ​၏​။

Ver Capítulo

Common Language Bible

ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။

Ver Capítulo

Garrad Bible

ထို သို့ ခြေ နှစ် ဖက် ဆွံ့ သော မေ ဖိ ဗော ရှက် သည် ယေ ရု ရှ လင် မြို့၌ နေ ထိုင် လျက် ဘု ရင် မင်း စား ပွဲ တော် တွင် စား သောက် ခွင့် ကို အ စဉ် ရ သ တည်း။

Ver Capítulo

Judson Bible

ထို​သို့ မေ​ဖိ​ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ရှင်​ဘု​ရင်၏​စား​ပွဲ​တော်၌ နေ့​တိုင်း​အ​စဉ်​စား​ရ၏။ ခြေ​နှစ်​ဖက်​ဆွံ့​သော​သူ​ဖြစ်၏။

Ver Capítulo



၂ ရာ 9:13
7 Referencias Cruzadas  

ထို့ပြင် အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​ထံ ကျွန်တော်မျိုး​ကို ကုန်းချော​ခဲ့​ပါ​သေး​၏​။ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၊ အရှင်​သည် ဘုရားသခင်​၏​ကောင်းကင်တမန်​ကဲ့သို့​ဖြစ်​ပါ​သည်​။ အရှင်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​။


ရှောလု​မင်းကြီး​၏​သား ယောနသန်​၌ ခြေမသန်​သော​သား​တစ်​ဦး​ရှိ​၏​။ ယေဇရေလ​မြို့​မှ ရှောလု​မင်းကြီး​နှင့်​ယောနသန်​၏​သတင်း​ရောက်လာ​ချိန်​၌ ထို​သား​သည် အသက်​ငါး​နှစ်​သာ​ရှိ​သေး​၏​။ ထို​သတင်း​ကြောင့် သူ့​အထိန်း​တော်​သည် သူ့​ကို​ပွေ့ချီ​လျက် အလန့်တကြား​ထွက်ပြေး​ရာ​မှ ထို​ကလေး​ပြုတ်ကျ​ပြီး ခြေမသန်​ဖြစ်​ရ​ခြင်း​ဖြစ်​၏​။ ထို​ကလေး​၏​အမည်​မှာ မေဖိဗောရှက်​ဖြစ်​၏​။


မေဖိဗောရှက်​တွင် မိက္ခာ​အမည်​ရှိ​သော သား​ငယ်​တစ်​ဦး​ရှိ​၏​။ ဇိဘ​၏​အိမ်သူအိမ်သား​အားလုံး​သည် မေဖိဗောရှက်​၏​အစေအပါး​များ​ဖြစ်​ကြ​၏​။


ထိုအခါ ရှင်ဘုရင်​က “​ရှောလု​မင်းကြီး​၏​အမျိုးအနွယ် တစ်ဦးဦး​ရှိ​သေး​သလော​။ ဘုရားသခင်​ထံမှ မေတ္တာကရုဏာ​တော်​ကို သူ့​အား ငါ​ပြ​လို​၏​”​ဟု ဆို​လျှင် ဇိဘ​က “​ယောနသန်​၌ သား​တစ်​ဦး​ရှိ​ပါ​သေး​၏​။ သူ​သည် ခြေ​နှစ်ဖက်လုံး​မသန်စွမ်း​ပါ​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။


ဒါဝိဒ်​မင်းကြီး​က သူ့​အား “​မ​ကြောက်​နှင့်​။ သင့်​ဖခင်​ယောနသန်​ကို​ထောက်ပြီး သင့်​အား မေတ္တာကရုဏာ​ကို​ပြ​မည်​။ သင့်​အဘိုး​ရှောလု​မင်းကြီး​ပိုင်​ခဲ့​သော​လယ်ယာမြေ​အားလုံး​ကို သင့်​အား ပြန်ပေးအပ်​မည်​။ သင်​သည် ငါ့​စားပွဲ​တွင် အမြဲ​စားသောက်​ရ​မည်”​ဟု ဆို​လျှင်


ဤသို့ဖြင့် ယောယခိမ်​မင်းကြီး​သည် ထောင်​အဝတ်​ကို​လဲ​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး နေ့စဉ်​ဘေဘီလုံ​ဘုရင်​ထံ၌ စားသောက်​ခွင့်​ရ​၏​။